Connect with us

China

BRICS အဖွဲ့ဝင် တိုးချဲ့ခြင်းက တောက်ပသောအလားအလာကို ဖော်ပြလျက်ရှိ

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နာဘတ်စ်မြို့တွင် ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ကျင်းပသောနေရာအနီး ဖြတ်သန်းသွားလာသူများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင်တိုးချဲ့ခြင်းက တောက်ပသောအလားအလာကို ဖော်ပြနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၂ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၊ အီရန်နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများက ဇန်နဝါရီ ၁ ရက်မှစ၍ BRICS နှင့် ချိတ်ဆက်ဝင်ရောက်ပြီဖြစ်သဖြင့် အဖွဲ့ဝင်အင်အားမှာ ၅ နိုင်ငံမှ ၁၀ နိုင်ငံအထိ နှစ်ဆဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် BRICS ၏ အနာဂတ်ကို အပြည့်အဝယုံကြည်ကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ပေါင်းစည်းညီညွတ်မှုနှင့် လွှမ်းမိုးမှု မြှင့်တင်လျက်ရှိကြောင်းနှင့် နိုင်ငံတကာရေးရာများ ကောင်းမွန်ရေးအတွက် အပြုသဘော တည်ငြိမ်သော အင်အားတစ်ရပ်လည်း ဖြစ်လာခဲ့ကြောင်း ဝမ်က ပြောကြားခဲ့သည်။

နိုင်ငံအသီးသီး၏ တောင်းဆိုချက်အရ BRICS အနေဖြင့် အဖွဲ့ဝင်အင်အားကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ယင်းမှာ ပေါ်ထွန်းစဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံစိတ်အားထက်သန်မှုကို ဖော်ဆောင်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဗဟုအသွင်ပြောင်းမှုဆီသို့ စိုက်လိုက်မတ်တတ် လျှောက်လှမ်းလျက်ရှိကြောင်း ဝမ်က ဆိုသည်။

“BRICS မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပိုမိုကြီးမားတဲ့ BRICS ပူးပေါင်းဆောင်ရွက်မှုမှာ ရလဒ်အသစ်တွေအတွက် ကြိုးပမ်းဖို့ ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
BRICS expansion shows its bright prospect: FM spokesperson
BEIJING, Jan. 2 (Xinhua) — BRICS expansion has shown its bright prospect, Chinese foreign ministry spokesperson Wang Wenbin said on Tuesday at a daily press briefing.
Saudi Arabia, Egypt, the United Arab Emirates (UAE), Iran, and Ethiopia joined BRICS on January 1, doubling its membership from 5 to 10.
Wang said China is fully confident in the BRICS’ future, noting that BRICS cooperation mechanism has increased cohesiveness and influence and become a positive and stable force for good in international affairs.
At the request of relevant countries, BRICS decided to expand its membership, which serves the common aspiration of emerging markets and developing countries, and follows the global trend towards multipolarity, Wang said.
“We will work with BRICS partners to strive for new results in greater BRICS cooperation,” the spokesperson said.
Photo: People walk near the venue of the 15th BRICS Summit in Johannesburg, South Africa, Aug. 21, 2023. The 15th BRICS Summit is scheduled to be held from Tuesday to Thursday in South Africa. (Xinhua/Zhang Yudong)