Connect with us

Media

တရုတ်နိုင်ငံ၏ စွမ်းအင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၀၆၀ ပြည့်နှစ်မကုန်မီ ယွမ် ၁၀၀ ထရီလီယံကျော်ရှိမည်ဟု မျှော်မှန်းထား

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွမ်းအင်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ၂၀၆၀ ပြည့်နှစ်မကုန်မီ ယွမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၉၃ ထရီလီယံခန့်) ကျော်လွန်မည်ဟု မျှော်မှန်းထားကြောင်း State Grid Corporation of China အရ သိရသည်။

စွမ်းအင်သစ်စနစ် တိုးတက်မှုအနေဖြင့် စွမ်းအင်လုပ်ငန်းနှင့် စွမ်းအင်ဈေးကွက် နှစ်ခုလုံး၏ တိုးချဲ့မှုပမာဏကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြုစုထားပြီး ယခင်သီတင်းပတ်က ဖြန့်ချိခဲ့သော စာရင်းစာအုပ်၌ ဖော်ပြထားသည်။

၂၀၆၀ ပြည့်နှစ်မကုန်မီ စွမ်းအင်သိုလှောင်မှု၊ ပေါင်းစပ်စွမ်းအင်နှင့် စွမ်းအင်ကွန်ရက် အပါအဝင် အဓိကစက်မှုလုပ်ငန်းပမာဏတွင် ယွမ် ၁ ထရီလီယံစီအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ စာရင်းစာအုပ်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Investment scale of China’s power industry to exceed 100 trln yuan by 2060
BEIJING, Oct. 2 (Xinhua) — The investment scale of China’s power industry is expected to exceed 100 trillion yuan (about 13.93 trillion U.S. dollars) by 2060, according to the State Grid Corporation of China.
The development of a new power system will promote the expansion of the scale of both the power industry and the power market, said a book written by the company and published last week.
By the end of 2060, the industry scales of key sectors including energy storage, integrated energy and energy internet are expected to hit 1 trillion yuan each, according to the book.