Connect with us

Videos

အမေရိကန်နိုင်ငံမှ ရှေးဟောင်း “အစိမ်းရောင်ခေါင်းတလား” အား အီဂျစ်နိုင်ငံက ပြန်လည်ရယူနိုင်ခဲ့

ကိုင်ရို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ “အစိမ်းရောင်ခေါင်းတလား”ဟု လူသိများသော ရှေးဟောင်းခေါင်းတလားအဖုံးအား ပြန်လည်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။အဆိုပါ ရှေးဟောင်းပစ္စည်းသည် နှောင်းပိုင်းကာလ(ဘီစီ ၆၆၄-၃၃၂)တွင် Ankh In Maat အမည်ရှိ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးက ပိုင်ဆိုင်သည့် ပစ္စည်းဖြစ်ကြောင်း အီဂျစ်နိုင်ငံ ခရီးသွားလုပ်ငန်း နှင့် ရှေးဟောင်းပစ္စည်း ဝန်ကြီးဌာနက ကြေညာချက်၌ ပြောကြားခဲ့သည်။

သစ်သားဖြင့် ပြုလုပ်ထားသော အစိမ်းရောင်ခေါင်းတလားအဖုံးသည် ၃ မီတာနီးပါး ရှည်လျားပြီး အရုပ်စာအရေးအသားလက်ရာများ နှင့် ရွှေရောင်အလှဆင်ထွင်းထုထားကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းခေါင်းတလားအား ကိုင်ရိုမြို့ရှိ အီဂျစ်ပြတိုက်တွင် ထားရှိကာ စစ်ဆေးထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံမှ ခေါင်းတလားနှင့်အတူ အခြားရှေးဟောင်းပစ္စည်း ၁၆ ခုအား ပြန်လည်ရရှိခဲ့ကြောင်းလည်း သိရသည်။
ယင်းရှေးဟောင်းပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအား ကိုင်ရိုမြို့ရှိ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်၌ ကျင်းပရာ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့် အီဂျစ်ခရီးသွားလုပ်ငန်း နှင့် ရှေးဟောင်းပစ္စည်း ဝန်ကြီး Ahmed Issa တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry က “အစိမ်းရောင်ခေါင်းတလား ပြန်လည်ရရှိတာနဲ့ အီဂျစ်နိုင်ငံကို ပြန်လည်ရောက်ရှိတာက အီဂျစ်ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ အမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အောင်မြင်တဲ့ ကွင်းဆက်မှာ ချိတ်ဆက်မှုအသစ်တစ်ခု ဖြစ်ပါတယ်။ ဒါက ဉာဏပစ္စည်းမူပိုင်ခွင့် နဲ့ မှောင်ခိုလုပ်ထားတဲ့ ပစ္စည်းတွေကို ကာကွယ်ထိန်းသိမ်းတဲ့နေရာမှာ အီဂျစ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအနှစ်သာရကို ထင်ဟပ်စေပါတယ်။”ဟု ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသည် မှောင်ခိုပြုလုပ်ခြင်းခံရသည့် ရှေးဟောင်းပစ္စည်းများ ပြန်လည်ရရှိရေးကို အလွန်အရေးပါသည်ဟု မှတ်ယူကြောင်း နှင့် အမေရိကန် နှင့် အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက် အပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များစွာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်ခရီးသွားလုပ်ငန်း နှင့် ရှေးဟောင်းပစ္စည်း ဝန်ကြီး Ahmed Issa က ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်အရ ၂၀၁၉ ခုနှစ်တွင် Nejim Ankh ၏ ရွှေခေါင်းတလား အပါအဝင် အရေးပါသော ရှေးဟောင်းပစ္စည်းများစွာ ပြန်လည် ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရှေးဟောင်းပစ္စည်း ၅,၀၀၀ ကျော် ပြန်လည်ရရှိခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

#Egypt #US #Ancient #Coffin #အီဂျစ်နိုင်ငံ #အမေရိကန်နိုင်ငံ #ရှေးဟောင်း #ခေါင်းတလား #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar
—————————-
Egypt retrieves ancient “green coffin” from U.S.
Egypt announced on Monday that an ancient cover of a coffin, known as the “Green Coffin,” was returned from the United States.

The artifact belongs to a priest named Ankh In Maat, which dates from the Late Period (664-332 BC), Egypt’s Tourism and Antiquities Ministry said in a statement.
The green coffin cover, made of wood, is nearly 3 meters long and carved with gilded decorations and hieroglyphic writings, according to the ministry.

It will be deposited in the Egyptian Museum in Cairo to be examined and maintained, it added.
Sixteen other artifacts were also recovered from the United States along with the coffin, according to the ministry.

Egyptian Minister of Foreign Affairs Sameh Shoukry and the Minister of Tourism and Antiquities Ahmed Issa witnessed the ceremony of handing over the artifacts at the headquarters of Egypt’s Foreign Ministry in Cairo.
SOUNDBITE (Arabic): SAMEH SHOUKRY, Egyptian Minister of Foreign Affairs
“The green coffin’s recovery and its return to Egypt is a new link in the successful chain of efforts made by the Ministry of Foreign Affairs in protecting the heritage of the Egyptian civilization. It is a reflection of the spirit of cooperation between Egypt and the USA in protecting intellectual property rights and smuggled monuments.”
Issa said Egypt attaches great importance to recovering smuggled antiquities and signed many cooperation agreements with other countries, including an agreement signed between the Egyptian Foreign Ministry and its U.S. counterpart in 2016.

Under the agreement, many important artifacts were recovered, including the golden coffin of Nejim Ankh in 2019, and more than 5,000 pieces of artifacts in 2021, he added.

Xinhua News Agency correspondents reporting from Cairo.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.