Connect with us

Videos

RCEPက အာဆီယံ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ရန် ကူညီပေး

နန်နင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP) အောက်တွင်အကောက်ခွန်များလျှော့ချခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများ၏ သစ်သီးဝလံများ နှင့် အခြားလယ်ယာထွက်ကုန်ပစ္စည်းများသည် ယခုအခါ တရုတ်နိုင်ငံသို့ ပို၍လျော့နည်းသော ဈေးနှုန်းနှင့် ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်ပြီ ဖြစ်သည်။

RCEP သည် အာဆီယံ ၁၀ နိုင်ငံနှင့်အတူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံများပါဝင်သော ကမ္ဘာပေါ်တွင် အကြီးဆုံး လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်၏ ပင်မှည့်သီး၊ ဒူးရင်းသီးများ တရုတ်နိုင်ငံဈေးကွက်သို့ ဝင်ရောက်ခွင့်ရခဲ့သည်။

ဒူးရင်းသီး စသည့် သစ်သီးဝလံများ စိုက်ပျိုးရေးနှင့်ကုန်ချောဆိုင်ရာ ကုမ္ပဏီသည် တိုးချဲ့ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ ၃၀၀၀ ဟက်တာရှိသော ဒူးရင်းသီးဥယျာဉ်နှင့်စက်ရုံအသစ် တည်ဆောက်ရန် စာချုပ်အသစ် ချုပ်ဆိုပြီး ဖြစ်သည်။

BUI THI HAI
ဗီယက်နမ်ကုမ္ပဏီ တာဝန်ခံ
ဒူးရင်းသီး ကုန်ချောလုပ်ငန်းပဲဆိုရင် ထုတ်လုပ်မှုလိုင်းတစ်ခုကို တစ်ရက်ဆိုရင် ၂၄ တန် ထုတ်လုပ်နိုင်ပါတယ်။ ကျွန်မတို့အခု စက်ရုံသစ်ကို ရွှေ့ပြီးပါပြီ။ ဒါကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ သေချာပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဖလှယ်ရာ အဓိကပြတင်းပေါက် ဖြစ်လာသည်။

WANG JIAFU
ကွမ်ရှီးကျွင်းရိ လယ်ယာစိုက်ပျိုးရေးနည်းပညာ ကုမ္ပဏီ အထွေထွေမန်နေဂျာ
နှစ်စဉ် ဗီယက်နမ်က ပင်မှည့်သီး ၂ တန်ခန့် တင်သွင်းမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက သစ်သီးခြောက်၊ အေးခဲသစ်သီး ၊ အခွံနှင့် အစေ့ထုတ်ထားသောသစ်သီး ထုတ်လုပ်မှုလိုင်း သုံးခု ရှိပါတယ်။

DAI SONGLI
ကွမ်ရှီးလယ်ယာစိုက်ပျိုးရေး ကော်မှုန့်ကုမ္ပဏီ အထွေထွေမန်နေဂျာ

ကျွန်တော်တို့ရဲ့နှစ်စဉ်ကုန်ကြမ်း ၉၀ ရာခိုင်နှုန်းက ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားစတဲ့ အာဆီယံနိုင်ငံတွေကနေလာတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့နှစ်စဉ် ကုန်ချောလုပ်နေရတဲ့ ကော်မှုန့်တန်ချိန် ၂၁၀,၀၀၀ ရှိတယ်။ ၁၅ ရာခိုင်နှုန်းလောက်က အရှေ့တောင်အာရှ၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်၊ ဥရောပ စတဲ့ နိုင်ငံနဲ့ဒေသတွေကို တင်ပို့ပါတယ်။

ယခုနှစ်များတွင် တရုတ်-အာဆီယံ ကုန်သွယ်ရေးအသွားအလာများကြောင့် ကွမ်ရှီး TWT Supply Chain Management Co., Ltd သည် one-stopဝန်ဆောင်မှုပေးသူ ဖြစ်လာရာ ၎င်း၏လုပ်ငန်းများမှာ တရုတ်နိုင်ငံမြို့ပေါင်း ၅၀ ကျော်နှင့် အာဆီယံနိုင်ငံများကို လွှမ်းခြုံထားသည်။
RCEP သဘောတူညီချက် အသက်ဝင်လာပြီးနောက်ပိုင်း၊ ကုမ္ပဏီ၏ စီးပွားရေးအခွင့်အလမ်းများ ပို၍ပွင့်လန်းလာသည်။

WANG ZHENGBO
TWT Supply Chain Management Co., Ltd. အမှုဆောင်အရာရှိချုပ်
ပြီးခဲ့သည့်နှစ်မှာ ကျွန်တော်တို့က RCEPအဖွဲ့ဝင်နိုင်ငံတွေက လယ်ယာထွက်ကုန်ပစ္စည်းတွေ တင်သွင်းပြီး ကွမ်ရှီးမှာ ကုန်ချောလုပ်ပါတယ်။ နောင်မှာတော့ လယ်ယာထုတ်ကုန် ကုန်ချောပစ္စည်းတွေကို ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နဲ့ တောင်ကိုရီးယားကို ရောင်းချသွားမယ်။ ဖြန့်ချိရောင်းချမှုပုံစံလမ်းကြောင်းသစ်တွေ ဆန်းသစ်တီထွင်မှုကတစ်ဆင့် RCEPရဲ့ အကျိုးစီးပွားတွေကို ပိုပြီး မျှဝေသွားလိုပါတယ်။
#RCEP #China #ASEAN #Xinhua #Xinhuamyanmar #ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု #တရုတ် #အာဆီယံ #ဆင်ဟွာ

——————————
RCEP helps more ASEAN agricultural products enter Chinese market

Thanks to reduced tariffs under the Regional Comprehensive Economic Partnership (RCEP), fruits and other agricultural products from Southeast Asian countries can now reach China faster and at lower prices.

The RCEP, the world’s largest free trade deal comprising 10 Association of Southeast Asian Nations (ASEAN) countries, as well as China, Japan, the Republic of Korea (ROK), Australia and New Zealand, entered into force on Jan. 1, 2022.

In 2022, Vietnamese passion fruit and durian were allowed to enter the Chinese market.

A company in Vietnam, which is mainly engaged in planting and processing durian and other fruits, has expanded its production, signed a new contract for 3,000 hectares of durian orchards, and built new factories.

SOUNDBITE 1 (Chinese): BUI THI HAI, Head of a company based in Vietnam
“If we only process durian, one production line can process 24 tonnes a day. We have moved to the new factory, so we can certainly meet the requirements.”

South China’s Guangxi Zhuang Autonomous Region has become an important window for exchanges and cooperation between China and ASEAN countries.

SOUNDBITE 2 (Chinese): WANG JIAFU, General manager, Guangxi Junyi Agricultural Technology Co., Ltd.
“We expect to import about 20,000 tonnes of passion fruit from Vietnam every year. Our company has three complete production lines, which produce dried fruit, frozen fruit block and pulp.”

SOUNDBITE 3 (Chinese): DAI SONGLI, General manager, Guangxi State Farms Mingyang Starch Development Co. Ltd.
“Ninety percent of our raw materials come from Thailand, Vietnam, Indonesia and other ASEAN countries every year. Now we process 210,000 tonnes of modified starch every year. About 15 percent of our products are exported to Southeast Asia, Japan, South Korea, Russia, the United States, Europe and so on.”

Thanks to China-ASEAN economic and trade exchanges in recent years, the TWT Supply Chain Management Co., Ltd. in Guangxi has grown into a one-stop supply chain service provider, covering over 50 Chinese cities and several ASEAN countries.

The company has embraced more business opportunities since the RCEP deal went into effect.

SOUNDBITE 4 (Chinese): WANG ZHENGBO, CEO, Guangxi TWT Supply Chain Management Co., Ltd.
“In the past, we imported agricultural products from RCEP member countries, and then processed them in Guangxi. In the future, we will sell these processed agricultural products to Australia, New Zealand, Japan and South Korea. We’d like to better enjoy the dividends of RCEP through innovation in distribution modes and sales channels.”

Xinhua News Agency correspondents reporting from Nanning, China.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.