Connect with us

Media

အစ္စရေးနိုင်ငံ၏ စစ်လက်နက်ပစ္စည်း တင်ပို့မှု ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၅၅ ဘီလီယံ စံချိန်တင်မြင့်တက်

ဂျေရုဆလမ် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ စစ်လက်နက်ပစ္စည်းတင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂.၅၅ ဘီလီယံအထိ အမြင့်ဆုံး ရှိခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်သည် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အလုံးစုံတန်ဖိုးများ စံချိန်ချိုးခဲ့သည့် ဒုတိယမြောက်နှစ်ဖြစ်သည်။ အစ္စရေးနိုင်ငံ၏ စစ်လက်နက်ပစ္စည်း တင်ပို့မှုသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ ဖော်ပြမှုအရ သိရသည်။

အစ္စရေးကုမ္ပဏီ ၁၂၀ ခန့်သည် ၂၀၂၂ ခုနှစ်အတွင်း အရောင်းအဝယ်သဘောတူညီချက်အသစ် ရာပေါင်းများစွာအား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် တန်ဖိုးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

…………………………………..
(English Version)
Israel’s export of military equipment hits record high of 12.55 bln USD in 2022
The export of Israel’s military equipment reached an all-time high of 12.55 billion U.S. dollars in 2022, Israel’s Defense Ministry said in a statement on Wednesday.
According to the ministry, 2022 was the second year in a row that the overall value of defense agreements broke records. Israel’s export of military equipment has surged by 50 percent over the past three years.
Some 120 Israeli companies signed “hundreds” of new sales deals in 2022, with about half of them valued at over 100 million dollars, according to the statement.
Xinhua News Agency correspondents reporting from Jerusalem.