Connect with us

Media

ကျူးဘားနိုင်ငံက မိုးသည်းထန်စွာရွာသွန်းမှု နောက်ဆက်တွဲပြဿနာများဖြေရှင်းရန် တရုတ်အကူအညီများ လက်ခံရရှိ

ဟာဗားနား ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ အလယ်ပိုင်း နှင့် အရှေ့ပိုင်း ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူအများအပြား သေဆုံးခဲ့ပြီး နေအိမ်များ ပျက်စီးကာ လူထောင်နှင့်ချီ နေရပ်ရွှေ့ပြောင်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအား ကူညီရန် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ဘေးအန္တရာယ်ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ အား ဇွန် ၂၇ ရက်က လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဟာဗားနားမြို့၌ ပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Ma Hui က ကျူးဘားနိုင်ငံ၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် အရေအတွက်များအား အလေးပေး ပြောကြားခဲ့ကာ မကြာသေးမီနှစ်များအတွင်း ကျူးဘားနိုင်ငံ ဘေးအန္တရာယ်ကျရောက်ချိန်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် တရုတ်နိုင်ငံက အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)
Cuba receives Chinese aid as it grapples with aftermath of heavy rains
Cuba received on Tuesday 100,000 U.S. dollars in disaster relief aid from China’s Red Cross Society to help recovery efforts following torrential rains in the country’s central and eastern regions that have killed several people, damaged homes and displaced thousands.
At the handover ceremony in Havana, Ma Hui, China’s ambassador to Cuba, underscored the toll the disaster had taken on the country’s agriculture, saying that China has done its best to provide humanitarian assistance when disasters hit Cuba in recent years.
Xinhua News Agency correspondents reporting from Havana, Cuba.(XHTV)