Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၁,၀၀၀ နီးပါး ရောက်ရှိလာခြင်းကြောင့် ရောဂါတိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်

ဒါကာ ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက်သည် ယခုနှစ်အတွင်း သေဆုံးသူ ၁၀၆ ဦး ရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု ၂၁,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာခဲ့ကြောင်း အထွေထွေကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန (DGHS) က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီအထိ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအသစ် ၁၂,၉၀၀ ရှိခဲ့ပြီး ယင်းနေ့တွင် ထပ်မံသေဆုံးသူ ၆ ဦး အပါအဝင် သေဆုံးသူအရေအတွက်မှာ ၅၉ ဦးထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ DGHS က ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

ယခုနှစ် ဇူလိုင် ၁၆ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၂၀,၈၇၈ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၅,၈၁၇ ဦး ရှိကြောင်း DGHS ထံမှ သိရသည်။
နေ့စဉ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မြင့်တက်ခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်သူလူထုအသိပညာပေးမှုများမြှင့်တင်ခြင်းအပါအဝင်
သွေးလွန်တုပ်ကွေးရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်လျက် ရှိပြီး ရောဂါပြန့်ပွားမှုထိန်းချုပ်ရန် အဓိကနေရာများ၌ အထူးအစီအမံများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Bangladesh gears up to combat dengue as caseload reaches nearly 21,000
The number of dengue cases in Bangladesh has surged to around 21,000 with 106 deaths so far this year, the Directorate General of Health Services (DGHS) said on Sunday.
As of 8:00 a.m. local time on Sunday, according to the figure reported by the DGHS under the Ministry of Health, there were 12,900 new dengue cases recorded this month, and the death toll reached 59 including six more fatalities on Sunday.
The DGHS has so far this year recorded 20,878 dengue cases and 15,817 recoveries.
With the rising dengue cases daily, the Bangladeshi government is gearing up an anti-dengue campaign including raising public awareness and has taken special measures at the hotspots to curb the spread of the disease.
Xinhua News Agency correspondents reporting from Dhaka.(XHTV)