Connect with us

Media

တရုတ်အာကာသယာဉ်မှူးများ အာကာသစခန်းမှ တိုက်ရိုက်သင်ခန်းစာပို့ချ

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အာကာသစခန်းမှ စတုတ္ထအကြိမ်မြောက် သင်တန်းကို စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ရှန်ကျိုး-၁၆ (Shenzhou-16) အာကာသယာဉ်မှူးများဖြစ်သော ကျင်ဟိုင်ဖုန် (Jing Haipeng) ၊ ကျူးရန်ကျု (Zhu Yangzhu) နှင့် ကွေ့ဟိုင်ချောင်း (Gui Haichao) တို့က ကမ္ဘာမြေပေါ်ရှိ ကျောင်းသား/ကျောင်းသူများကို သင်ခန်းစာပို့ချပေးခဲ့သည်။

အဆိုပါ သင်ခန်းစာပို့ချခြင်းသည် ထျန်းကုန်း အာကာသစခန်း၏ မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူးမှ ပထမဆုံးသိပ္ပံပညာရပ်ဆိုင်ရာ သင်ခန်းစာပို့ချခြင်းဖြစ်သလို “ထျန်းကုန်း စာသင်ခန်း” စီးရီး၏ စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

အချိန် ၄၈ မိနစ်ကြာ သင်ကြားပို့ချမှုအတွင်း အာကာသယာဉ်မှူးများသည် မုန့်ထျန်း လက်တွေ့စမ်းသပ်ခန်းမော်ဂျူးရှိ ၎င်းတို့၏ လုပ်ငန်းတာဝန်နှင့် နေထိုင်မှုပုံစံများကို မိတ်ဆက်ရှင်းလင်းခဲ့သည်။
၎င်းတို့အနေဖြင့် ကမ္ဘာမြေဆွဲငင်အား နည်းပါးသောနေရာ၌ မီးတောက်နှင့် သတ္တု ဂိုင်ရိုစကုတ် လက်တွေ့စမ်းသပ်မှုများ စသည့် စိတ်ဝင်စားဖွယ် လက်တွေ့စမ်းသပ်မှုများကိုလည်း သရုပ်ပြခဲ့သည်။ ထို့ပြင် အဆိုပါ လက်တွေ့စမ်းသပ်မှုများ၏ သိပ္ပံ သဘောတရားများကိုလည်း ရှင်းလင်းပြခဲ့သည်။
ထိုသို့ သင်ကြားပို့ချရာတွင် မြေပြင်ပေါ်တွင် ပေကျင်းမြို့တော်ရှိ Beihang တက္ကသိုလ်အပါအဝင် စာသင်ခန်း ၅ ခန်းစီစဉ်ထားခဲ့သည်။ ၎င်းနေရာများ၌ ကျောင်းသား/ကျောင်းသူ ၂,၈၀၀ ခန့်က သင်ကြားပို့ချမှုကို ပါဝင်ချိတ်ဆက်ခဲ့ကြသည်။

တိုက်ရိုက်သင်ကြားပို့ချမှုအတွင်း အာကာသယာဉ်မှူးများသည် ကမ္ဘာမြေပေါ်ရှိ စာသင်ခန်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံ၏ အမျိုးသားအာကာသလက်တွေ့စမ်းသပ်ခန်းဖြစ်သော ထျန်းကုန်းအာကာသစခန်းသည် သိပ္ပံပညာရပ်ဆိုင်ရာကျော်ကြားမှုနှင့် ပညာရေးနယ်ပယ်၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ရှန်ကျိုး-၁၃ နှင့် ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများသည် ယခင်က “ထျန်းကုန်းစာသင်ခန်း” သင်ကြားပို့ချမှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese astronauts deliver lecture from space station
BEIJING, Sept. 21 (Xinhua) — The fourth live class from China’s space station was held on Thursday afternoon, delivered by the Shenzhou-16 astronauts Jing Haipeng, Zhu Yangzhu and Gui Haichao to students on Earth.
This was the first science lecture delivered from the Mengtian lab module of the Tiangong space station and the fourth in the “Tiangong Class” series.
During the 48-minute lecture, the astronauts introduced scenes from their work and life in the Mengtian lab module.
They also demonstrated various interesting experiments in the microgravity environment, such as spherical flame and metal gyroscope experiments. They also explained the scientific principles of these experiments.
Five classrooms are set on the ground, including one at the Beihang University in Beijing. Around 2,800 students joined the lecture at these sites.
During the livestreamed lecture, the astronauts interacted with students in the classrooms on Earth.
As China’s national space laboratory, the Tiangong space station plays a pivotal role in science popularization and education.
The Shenzhou-13 and Shenzhou-14 astronaut crews have previously given three “Tiangong Class” lectures.