Connect with us

Media

Smart China ကုန်စည်ပြပွဲတွင် ယွမ် ဘီလီယံ ၂၀၀ တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

ချုံချင့်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် စက်တင်ဘာ ၄ ရက်က စတင်ကျင်းပလျက်ရှိသော Smart China ကုန်စည်ပြပွဲ၌ ကာလတန်ဖိုး ယွမ် ၂၁၃.၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉.၄ ဘီလီယံခန့်) ရှိသော သဘောတူစာချုပ် ၈၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းများသည် လျှပ်စစ်ယာဉ်များ၊ ဇီ၀ဆေးများ၊ ဆော့ဖ်ဝဲနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ စွမ်းအင်သစ်နှင့် စွမ်းအင်သစ်သိုလှောင်မှုနည်းပညာများ စသည့်ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်အထိ ကျင်းပမည့် ယခုနှစ်ပြပွဲသည် ခေတ်မီ၍ ကွန်ရက်ချိတ်ဆက်ထားသော စွမ်းအင်သစ်အသုံးပြုယာဉ်များကို အလေးထားပြသခဲ့သည်။ ပြည်တွင်း၊ ပြည်ပမှ ပြပွဲပြသသူ ၅၀၀ ကျော်က ၎င်းတို့၏ နောက်ဆုံးပေါ်နည်းပညာများ၊ ထုတ်ကုန်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးရှိ အက်ပလီကေးရှင်းများကို ထည့်သွင်းပြသလျက်ရှိသည်။

ထိုသဘောတူစာချုပ်များက ချုံချင့်မြို့၏ ပုံမှန်ကဏ္ဍများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အဆင့်မြှင့်တင်မှုကို အားဖြည့်ပေးမည်ဖြစ်ကြောင်း ချုံချင့်မြို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဗျူရို ဝန်ထမ်းတစ်ဦးက ပြောခဲ့သည်။

ချုံချင့်မြို့တွင် ၂၀၁၈ ခုနှစ်မှစ၍ ကျင်းပခဲ့သော အဆိုပါ ကုန်စည်ပြပွဲသည် ခေတ်မီနည်းပညာများနှင့် ယင်းလုပ်ငန်း၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ကမ္ဘာလုံးဆိုင်ရာ ဖလှယ်မှုများကို မြှင့်တင်ပေးမည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ (Xinhua)

……………………..
(English Version)
Deals worth over 200-bln yuan inked at Smart China Expo
CHONGQING, Sept. 4 (Xinhua) — Eighty-four investment projects with contracts worth over 213.8 billion yuan (around 29.4 billion U.S. dollars) have been signed at the China Smart Expo that kicked off Monday in Chongqing municipality, said the organizer.
The projects cover smart connected electric vehicles, biopharmaceuticals, software and information services, new energy, and new energy storage technologies.
Scheduled until Wednesday, this year’s expo focuses on smart, connected new energy vehicles. It has attracted over 500 exhibitors from home and abroad to display their cutting-edge technologies, products, and applications in smart industries and the digital economy.
The deals will boost Chongqing’s digital transformation upgrading in traditional sectors, said a municipal investment and promotion bureau staff member.
The expo, held in Chongqing since 2018, is a platform to promote global exchanges of smart technologies and international cooperation in this industry.
Photo 1: This photo taken on Sept. 4, 2023 shows the venue of the Smart China Expo 2023 in southwest China’s Chongqing Municipality. (Xinhua/Tang Yi)
Photo 2: Visitors look at a XPeng X2 flying car on display during the Smart China Expo 2023 in southwest China’s Chongqing Municipality, Sept. 4, 2023. (Xinhua/Tang Yi)