Connect with us

Local

ယခုဘဏ္ဍာနှစ်တွင် သြဂုတ်လ ၁၂ ရက်နေ့အထိ ဆန်တန်ချိန် ၃၀၀,၂၈၆ တန်ကျော် တင်ပို့နိုင်ခဲ့

ဆန်အိတ်များအားတင်ချနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- စီးပွားကူးသန်း)

ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှသြဂုတ် ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ ၁၀၇.၂၈၈ သန်း တန်ဖိုးရှိ ဆန် ၃၀၀,၂၈၆ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ၃၁.၀၃၃ တန်ဖိုးရှိ ဆန်ကွဲ ၁၀၆,၀၃၅ တန်ခန့် တင်ပို့ထား ပြီးဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ဒုတိယပတ်ဖြစ်သည့် သြဂုတ် ၆ ရက် မှ ၁၂ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ . ၉၂၉ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၃,၄၆၉ တန်တင်ပို့ခဲ့ရာ မူဆယ် ( ၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၉၃၄ တန်ကျော်နှင့် ဧည့်မထဆန် တန် ၁၃၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၁၁ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၀၂၃ တန် တင်ပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ အမေရိကန်ဒေါ်လာ ဝ. ၅ သန်းတန် ဖိုးရှိ ဆန်တန်ချိန် ၁၂၀၃ တန် တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ငစိန်ဆန်တန် ၅၀၊ ပြင်သစ်နိုင်ငံသို့ ပေါင်းဆန် တန် ၂၀၀ ၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၂၄ တန်၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၂၂၅ တန်နှင့် ဧည့်မထဆန် ၇၀၄ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်က စင်ကာပူတစ်နိုင်ငံတည်းကို ဧည့်မထဆန် တန်ချိန်တစ်သောင်း တင်ပို့ပြီး အခြားနိုင်ငံများကိုလည်း ၁၈၆၆ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဆန်အပြင် အမေ ရိကန်ဒေါ်လာ ၁.၅၁၅ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၅၂၅ တန်ကို အီးယူနိုင်ငံများသို့တင်ပို့နိုင်ခဲ့ပြီး၊ ယခင် တစ် ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၃၀၅၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.