Connect with us

Asia

ဂျပန်နိုင်ငံ၌ ဆက်သွယ်ရေးစနစ်ချွတ်ယွင်းမှုကြောင့် အသေးစား- ဒုံးပျံလွှတ်တင်မှု မအောင်မမြင်ဖြစ်ခဲ့ရ

ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁၅ ရက်က အသေးစား-ဒုံးပျံတစ်စင်းကို လွှတ်တင်မှုပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အာကာသအေဂျင်စီသည် ယနေ့( ဇန်နဝါရီလ ၁၅ ရက်)တွင် ကမ္ဘာပတ်လမ်းထဲသို့ဂြိုဟ်တုတစ်စင်းလွှတ်တင်ရန်အတွက် အသေးစား-ဒုံးပျံတစ်စင်း စမ်းသပ်ပစ် လွှတ်ခဲ့ရာ ဆက်သွယ်ရေးစနစ်ချွတ်ယွင်းမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း သိရသည်။

ကမ္ဘာပတ်လမ်းထဲသို့အရာဝတ္ထုများကို သယ်ဆောင်သွားရန်အတွက် ကမ္ဘာ့အသေးငယ်ဆုံး ဒုံးပျံတစ်စင်းဖြစ်သော SS-520 ဒုံးပျံကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Kagoshima စီရင်စုရှိ Uchinoura အာကာသစခန်းမှ ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၃ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

၎င်းဒုံးပျံသည် ပစ်လွှတ်မှု ဒုတိယအဆင့်ကို ပြုလုပ်ပြီးမကြာမီမှာပင် ဆက်သွယ်ရေးစနစ် ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း နှင့် ဒုံးပျံအနေအထားမှာ အချိန်ကြာ လက်ခံဆောင်ရွက်နိုင်ခြင်းမရှိတော့သည်ကို အချက်အလက်များက ညွှန်ပြနေကြောင်း ဂျပန်လေကြောင်းအာကာသစူးစမ်းလေ့လာမှု အေဂျင်စီ (JAXA) ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒုံးပျံသည် Uchinoura ကမ်းလွန်ရှိ ပစိဖိတ်သမုဒ္ဒရာထဲသို့ပျက်ကျသွားကြောင်း JAXA ထုတ်ပြန်ချက်က ဆိုသည်။ ၎င်းဒုံပျံ ဆယ်ယူမှုကို ဇန်နဝါရီလ ၁၈ ရက်တွင်ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးဝါးနေခြင်းကြောင့် ဆယ်ယူမည့်ရက်ကို ထပ်မံရွှေ့ဆိုင်းထားကြောင်းသိရသည်။

အဆိုပါ ဒုံးပျံသည် အလျား ၁ဝ မီတာ ၊ အချင်း ဝ.၅ မီတာ နှင့် အလေးချိန် ၂.၆ တန် ရှိကြောင်း ၊ ဘူမိဗေဒ လေ့လာမှု ဆက်သွယ်ရေးဆိုင်ရာ စမ်းသပ်လေ့လာမှု ဂြိုဟ်တု ကို အာကာသအတွင်းသို့သယ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုကျိုတက္ကသိုလ် မှ တီထွင်ခဲ့သည့် အဆိုပါ TRICOM1 ဂြိုဟ်တုသည် အလေးချိန် ၃ ကီလိုဂရမ်ကျော် နှင့် အလျား ၃၅ စင်တီမီတာရှိကြောင်း သိရသည်။ အဆိုပါ ဒုံးပျံ နှင့် ဂြိုဟ်တု တည်ဆောက်မှု နှစ်ခုစလုံး၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ဂျပန်ယန်းငွေ သန်း ၅ဝဝ ( အမေရိကန်ဒေါ်လာ ၄.၃၇ သန်း ) ဖြစ်ကြောင်း နှင့် JAXA ဂြိုဟ်တုများ လွှတ်တင်ခြင်းထက် ကုန်ကျစရိတ်များစွာ သက်သာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.