Connect with us

Asia

အမေရိကန် နိုင်ငံ ဦးဆောင် ကျင်းပ သည့် မြောက်ကိုရီးယားအရေး နိုင်ငံပေါင်းစုံ နိုင်ငံခြားရေး အစည်းအဝေး အား မြောက်ကိုရီးယား နိုင်ငံ ပြစ်တင်ဝေဖန်

ကနေဒါ နိုင်ငံ ဗန်ကူးဗား မြို့တွင် မြောက်ကိုရီးယားအရေး နိုင်ငံပေါင်းစုံ နိုင်ငံခြားရေး အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

ပြုံးယမ် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အမေရိကန် ရေးရာ သုတေသန ဌာန ပြောရေး ဆိုခွင့်ရှိသူ က ဇန်နဝါရီ ၁၈ ရက်နေ့ ၌ အမေရိကန် နိုင်ငံ ၏ လတ်တလော ရက်ပိုင်း က ကနေဒါ နိုင်ငံ ဗန်ကူးဗား မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားအရေး နိုင်ငံပေါင်းစုံ နိုင်ငံခြားရေး အစည်းအဝေး ကို ပြစ်တင်ဝေဖန် ခဲ့ပြီး ယင်းဆောင်ရွက်မှုသည့် ပြန်လည်နွေးထွေးစပြုလာသည့် ကိုရီးယားကျွန်းဆွယ် အခြေအနေ အပေါ် တင်းမာစေသည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ရေးရာ သုတေသန ဌာန ပြောရေး ဆိုခွင့်ရှိသူ က အမေရိကန် နှင့် ကနေဒါ နိုင်ငံ တို့ ပူးပေါင်းကျင်းပ ခဲ့သည့် အစည်းအဝေး သို့ ၁၉၅၀ ခုနှစ် အချိန် ၌ အမေရိကန် နိုင်ငံ က မြောက်ကိုရီးယား ကို ကျူးကျော် တိုက်ခိုက်ခဲ့သည့် စစ်ပွဲ တွင် ပါဝင် ခဲ့သည့် နောက်လိုက် မဟာမိတ် နိုင်ငံ များလည်း တက်ရောက် ခဲ့ကြကြောင်း ၊ အစည်းအဝေး တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က မြောက်ကိုရီးယား နိုင်ငံ အပေါ် ဖိအားပေးမှုများ တိုးမြှင့်ရန် တောင်းဆိုခဲ့ပြီး စစ်ရေးဆောင်ရွက်မှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ လည်း ဆွေးနွေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က လက်ရှိချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး က ကိုရီးယား ကျွန်းဆွယ် ပြန်လည် နွေးထွေးစ ပြုလာခြင်း အပေါ် ကြိုဆိုခဲ့ကြသော်လည်း အမေရိကန် နိုင်ငံ အနေဖြင့် အခြေအနေ ကို တင်းမာစေလိုပြီး ကျူးကျော်စစ်ပွဲ တွင် ပါဝင်ခဲ့သူများကို စုဝေး၍ အစည်းအဝေး ကျင်းပ ခဲ့ကြောင်း ၊ ယင်းအစည်းအဝေး နှင့် ပတ်သက်၍ နိုင်ငံတကာ တွင်လည်း နိုင်ငံအများ က ကိုရီးယား ကျွန်းဆွယ် အခြေအနေ ပြန်လည်ကောင်းမွန်လာမှု အတွက် အကျိုးမရှိဘဲ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု သာ ဖြစ်ပေါ်လာမည် ဟု ယူဆ ကြကြောင်း ၊ ယင်းအစည်းအဝေး ကျင်းပခြင်း ကို ကြည့်ခြင်း အားဖြင့် အမေရိကန် နိုင်ငံ သည် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လိုကြောင်း ပြောကြားနေသော်လည်း လက်တွေ့တွင် ကိုရီးယား ကျွန်းဆွယ် ၌ စစ်မီးများ တောက်လောင် စေလိုနေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.