Connect with us

Europe

ရုရှားနိုင်ငံက သံတမန် ၇ ဦး နှင်ထုတ်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

မကြာသေးမီက ရုရှားသံတမန်များအား နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်တွင် ဥရောပနိုင်ငံများမှ သံတမန်အချို့ကို တစ်ပတ်အတွင်း ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှင်ထုတ်ခဲ့ရသည့် သံတမန်များမှာ ဆလိုဗက်ကီးယားနိုင်ငံမှ ၃ ဦး ၊ လစ်သူယေးနီးယားနိုင်ငံမှ ၂ ဦး ၊ အက်စ်တိုးနီးယားနိုင်ငံမှ ၁ ဦး နှင့် လတ်ဗီးယားနိုင်ငံ မှ ၁ ဦး အသီးသီး ပါဝင်ကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် နှင်ထုတ်ခြင်းသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံ နှင့် အမေရိကန် ၊ အီတလီ ၊ ချက်သမ္မတ ၊ ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံ ဖြစ်သော ဆလိုဗက်ကီးယား ၊ ပိုလန်နှင့် ယူကရိန်းစသည့်နိုင်ငံများအပါအဝင် အနောက်နိုင်ငံများအကြား သံတမန်ဆက်ဆံရေး သစ်လွင်သော လမ်းကြောင်းတစ်ခု ကြိုးပမ်းနေစဉ်အတွင်းမှာပင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများ” blacklist အမည်မဲစာရင်းပြုလုပ်ရန် အစိုးရအဖွဲ့အား အမိန့်ပေးခဲ့ပြီး လိုအပ်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Russia expels seven diplomats
MOSCOW, April 28 (Xinhua) — The Russian Foreign Ministry on Wednesday ordered several European countries’ diplomats to leave in a week in retaliation for their recent expulsions of Russian diplomats.
The diplomats involved are three from Slovakia, two from Lithuania, one from Estonia and one more from Latvia.
The mutual expulsions came amid a fresh diplomatic row over the past weeks between Russia and Western countries, including so far the United States, Italy, the Czech Republic, the three Baltic states, Slovakia, Poland and Ukraine.
Russian President Vladimir Putin has ordered the government to blacklist “unfriendly countries” and vowed necessary sanctions. ■