Connect with us

Media

တရုတ်-လာအိုရထားလမ်းတွင် စီးနင်းသွားလာသည့် နယ်စပ်ဖြတ်ကျော်ခရီးသည် ၁၀၀,၀၀၀ ကျော်ရှိလာ

ကူမင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်းတွင် နိုင်ငံတကာခရီးသည်ဝန်ဆောင်မှုအား ဧပြီ ၁၃ ရက်မှစတင်ခဲ့ရာ ဒီဇင်ဘာ ၅ ရက် အထိ နယ်စပ်ဖြတ်ကျော်ခရီးသည် ၁၀၀,၀၀၀ ကျော် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း မိုဟန်နယ်စပ်ဂိတ်ထံမှ သိရသည်။
ယင်းခရီးသည်များအနက် ၁၄,၉၀၀ ခန့်မှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း တရုတ်-လာအို နယ်စပ်ရှိ မိုဟန် အဝင်-အထွက် နယ်စပ်စစ်ဆေးရေးစခန်းထံမှ သိရသည်။ ယင်းကာလအတွင်း မိုဟန်ရထားဘူတာက ခရီးသည်တင်ရထား ၄၇၄ စင်းအား ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ဝန်ဆောင်မှုစတင်ချိန်ကတည်းက တရုတ်-လာအိုရထားလမ်းက စရိတ် သက်သာပြီး အဆင်ပြေသက်သောင့်သက်သာရှိခြင်းကြောင့် တိုးပွားလာသည့် နိုင်ငံတကာ ခရီးသွားများအတွက် ရွေးချယ်စရာ သယ်ယူပို့ဆောင်ရေးပုံစံ ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China-Laos Railway records over 100,000 cross-border passengers
The China-Laos Railway, which launched its international passenger service on April 13, has transported over 100,000 cross-border passengers as of Tuesday, the Mohan border checkpoint has said.
Some 14,900 of those passengers were foreigners, according to Mohan’s entry-exit frontier inspection station on the China-Laos border. The Mohan railway port handled 474 passenger trains during the period.
Since the launch of its cross-border passenger service, the railway has become the preferred mode of transport for a growing number of international travelers due to its affordability, convenience and comfort.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)