Connect with us

Economy

“တရုတ်-လာအို-ထိုင်း” ခရီးစဉ်အပြည့် အသွားအပြန် ရထားသယ်ယူပို့ဆောင်မှု စတင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန်နှင့် လာအိုနိုင်ငံ မြောက်ပိုင်း ဘိုတန်သို့ ချိတ်ဆက်ထားသော တရုတ်-လာအို ရထားလမ်း ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းတွင် ကုန်ရထားတစ်စီး ဖြတ်သန်းသွားသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အအေးခန်းကွန်တိန်နာ ၁၉ လုံး ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်တန်ချိန် ၂၈၀ ခန့်တင်ဆောင်ထားသော တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်တင်ရထားကြီးသည် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းဗဟိုဘူတာမှ ထွက်ခွာသွားပြီဖြစ်သည်။ ၎င်းမှာ ပထမဆုံး “တရုတ်-လာအို-ထိုင်း”ခရီးစဉ်အပြည့် အသွားအပြန် ရထားဖြင့်သယ်ယူပို့ဆောင်မှု စတင်ပြေးဆွဲခြင်း၏ အမှတ်သင်္ကေတလည်း ဖြစ်သည်။ပထမဆုံး “တရုတ်-လာအို-ထိုင်း” ခရီးစဉ်အပြည့်ရထားသယ်ယူပို့ဆောင်မှုသည် ၅၅ နာရီအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းခရီးစဉ်သည် တရုတ်-လာအို ရထားလမ်း “လန်ချန်း-မဲခေါင် အမြန်လမ်း”နိုင်ငံတကာ ကုန်စည်ရထားဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်း တောင်ပိုင်း ဘူတာတွင် ကုန်စည်လွှဲပြောင်း၍ ထိုင်းနိုင်ငံ တစ်မီတာအကျယ်ရထားလမ်းဖြင့် ဘန်ကောက်ကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ ထိုသို့ပို့ဆောင်မှုသည် ယခင်က လမ်းအပိုင်းလိုက်သယ်ယူပို့ဆောင်ခြင်းပုံစံထက် အချိန် ၁ ရက်ခန့် သက်သာသလို စရိတ်အနေဖြင့် ၂၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားကြောင်း China Railway Kunming Group Co., Ltd.၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ အဆိုပါ သယ်ယူပို့ဆောင်မှု၏ အပြန်ခရီးစဉ်တွင် ထိုင်းနိုင်ငံမှ တောကြက်မောက်၊ ဒူးရင်းသီးစသည့် ရာသီပေါ် သစ်သီးဝလံများကို သယ်ဆောင်လာမည် ဖြစ်ကြောင်း သိရသည်။

“မီးရထားသက်ဆိုင်ရာဌာနတွေက အေးခဲကွင်းဆက်နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု အစီအမံတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို အကောက်ခွန်ဌာနနဲ့ဆွေးနွေးညှိနှိုင်းမှုတွေ အားဖြည့်ဆောင်ရွက်သွားမှာ ဖြစ်ပြီး အကောက်ခွန်ရှင်းလင်းမှုနဲ့ လွှဲပြောင်းမှုပုံစံတွေ လျင်မြန်အောင်၊ အတတ်နိုင်ဆုံး ကုန်စည်အကောက်ခွန်ရှင်းလင်းမှုအချိန်လျော့နည်းအောင် အားတက်သရော တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ် ”ဟု China United International Rail Containers ကူမင်း ကုမ္ပဏီခွဲ၏ ဒုတိယအထွေထွေမန်နေဂျာ ရွှီချောင်းက ပြောကြားခဲ့သည်။ “တရုတ်-လာအို-ထိုင်း”ခရီးစဉ်အပြည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် ပို၍ တည်ငြိမ်ထိရောက်မှုရှိသော အေးခဲကွင်းဆက် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ်ကို တည်ဆောက်ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုအတွက် အားသစ်လောင်းပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-လာအို ရထားလမ်း နယ်စပ်ဖြတ်ကျော်ကုန်စည်အမျိုးအစားများသည် ရထားလမ်းစဖွင့်သော ကနဦးကာလတွင် အမျိုးအစား ၁၀ ကျော် ရှိရာမှ ၁,၂၀၀ ကျော် အထိ တိုးချဲ့လာခဲ့သလို ကုန်စည်သယ်ယူပို့ဆောင်မှု စုစုပေါင်း ပမာဏသည် တန်ချိန် ၂.၅ သန်းကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #Laos #Thailand #FreightTrain #တရုတ် #လာအို #ထိုင်း #ကုန်တင်ရထား
——————————
(经济)“中老泰”全程铁路运输往返班列首发
新华社昆明2月7日电(记者丁怡全)7日下午,一列搭载19个冷链集装箱、约280吨新鲜蔬菜的中老铁路国际货物列车从云南省中铁联集昆明中心站驶出,标志着“中老泰”全程铁路运输往返班列成功首发。
据中国铁路昆明局集团有限公司介绍,首趟“中老泰”全程铁路运输班列预计55小时后到达泰国曼谷,该班列由中老铁路“澜湄快线”国际货物列车从昆明运到老挝万象南站进行换装,再经泰国米轨铁路运抵曼谷,较以往的铁路加公路分段运输模式缩短约1天时间,运输成本降低20%以上。班列返程时将装运泰国龙眼、榴莲等应季水果,实现班列重去重回。
“铁路部门加强冷链货物组织,强化与海关部门的沟通协调,积极推行快速通关和转关模式,最大程度压缩货物通关时间。”中铁联集昆明分公司副总经理徐超说,“中老泰”全程铁路运输班列搭建起更加高效稳定的冷链物流新通道,为中国与东盟国家间的经贸合作注入新动能。
据了解,中老铁路跨境运输的货物由开通初期的10多种扩展至1200多种,货运总量超过250万吨。(完)
1.This aerial photo taken on Nov. 24, 2022 shows a freight train to enter the China-Laos Railway’s Friendship Tunnel connecting Mohan in southwest China’s Yunnan Province and Boten in northern Laos. (Xinhua/Hu Chao)