Connect with us

Africa & Middle East

အစ္စရေးလေတပ် က ဂါဇာဒေသတောင်ပိုင်းရှိ လူနေအဆောက်အဦးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃ ဦးသေဆုံး

အစ္စရေးနိုင်ငံလေတပ် က ဂါဇာ ဒေသအလယ်ပိုင်းပိုင်းရှိ အဆောက်အဦးတစ်ခုအား ဒီဇင်ဘာ ၃၁ ရက်၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ပါလက်စတိုင်းသတင်းမီဒီယာများ၏ ဇန်နဝါရီ ၆ ရက် သတင်းဖော်ပြချက်များအရ အစ္စရေးနိုင်ငံစစ်တပ်သည် ယင်းနေ့နံနက်ပိုင်းအချိန်တွင် ဂါဇာဒေသတောင်ပိုင်း Khan Yunis မြို့ရှိ လူနေအဆောက်အဦးတစ်ခုကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့ရကြောင်းသိရှိရသည်။

သတင်းဖော်ပြချက်များအရ သေဆုံးသူအများစုမှာ အမျိုးသမီးများ နှင့် ကလေးငယ်များ ဖြစ်ကြပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအများအပြားဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။ ဆင်ဟွာသတင်းဌာန သို့ သတင်းပေးပို့ချက်များအရ အစ္စရေးနိုင်ငံစစ်တပ်အနေဖြင့် ယင်းနေ့ နံနက်ပိုင်းအချိန်၌ ဂါဇာဒေသအလယ်ပိုင်း Deir al Balah မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်း ဂါဇာဒေသကျန်းမာရေးဌာန၏ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး နိုင်ငံ၏ ဂါဇာတွင်ဆောင်ရွက်ခဲ့သောတိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၆၂ ဦးသေဆုံးခဲ့ရပြီး ၂၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တဖန် ပြန်လည်စတင်ခဲ့ပြီး အစ္စရေးနိုင်ငံ၏ ဂါဇာဒေသအတွင်း စစ်ရေးဆောင်ရွက်မှုများကြောင့် သေဆုံးခဲ့ရသူပေါင်း၂၂,၆၀၀ ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၅၇,၀၀၀ ကျော်ရှိခဲ့ကြောင်းသိရှိရသည်။ (Xinhua)

…………………………
(Chinese Version)
以军空袭加沙南部一住宅致13人死亡
2024-01-06 09:30:06 分类: 突发事件
新华社加沙1月6日电(记者柳伟建)据巴勒斯坦媒体6日报道,以色列军队当天凌晨空袭加沙地带南部城市汗尤尼斯的一处住宅,造成至少13人死亡。
报道说,死者大多是妇女和儿童,另有多人在此次空袭中受伤。消息人士告诉新华社记者,以军当天凌晨还袭击了加沙地带中部城市代尔拜拉赫,造成多人死伤。
据巴勒斯坦加沙地带卫生部门5日发布的数据,过去24小时,以军对加沙地带的袭击造成162人死亡、296人受伤。自2023年10月7日新一轮巴以冲突爆发以来,以军在加沙地带的军事行动已造成2.26万人死亡、超过5.7万人受伤。(完)

图文-这张12月31日从加沙边境以色列一侧拍摄的照片显示,加沙地带中部的建筑遭以军袭击后升起浓烟。