Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာတွင်အရေးကြီးဆုံးသော နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံ မည်သို့မည်ပုံ ဆက်ဆံရေးထားရှိမည်ဆိုသည်က လူသားမျိုးနွယ်တို့၏ အနာဂတ်နှင့် ကံကြမ္မာကို အဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ခြင်းက ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီမှု မရှိသလို မိမိနိုင်ငံ၌ ဖြစ်ပွားနေသည့်ကိစ္စရပ်များ၊ ကမ္ဘာကြီး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပို၍ပင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွားက ကွဲလွဲမှုထက်ပိုများသလို နှစ်နိုင်ငံအနေဖြင့် ကိုယ်စီ အောင်မြင်မှုရရှိခြင်းက အပြန်အလှန်အားဖြင့် စိန်ခေါ်မှုမဟုတ်သည့် အခွင့်အလမ်း ဖြစ်ကြောင်း ၊ “သူဆီဒဒီးစ်ထောင်ချောက်(Thucydides Trap)” သည် မလွဲမသွေ ဖြစ်လာနိုင်သည်ဟု မဆိုနိုင်ကြောင်း၊ ကျယ်ပြောလှသည့်ကမ္ဘာကြီးတွင် တရုတ်-အမေရိကန် ကိုယ်စီ ဖွံ့ဖြိုးတိုးတက်ရန်၊ အတူစည်ပင်ဝပြောရန် အပြည့်အဝ လက်ခံနိုင်ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေး နက်ရှိုင်းစွာ ပေါင်းစည်းခြင်းသည် တစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမှ တစ်နိုင်ငံက အကျိုးစီးပွားများ ရရှိနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါအလွန် ပြန်လည်ရှင်သန်ရေး၊ ဥတုရာသီပြောင်းလဲမှုကို ရင်ဆိုင်ရေး၊ နိုင်ငံတကာနှင့်ဒေသ အရေးကြီးပြဿနာများကို ဖြေရှင်းရေးတို့တွင် တရုတ်-အမေရိကန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်-အမေရိကန်သည် နိုင်ငံကြီးနှစ်နိုင်ငံအနေဖြင့် နိုင်ငံကြီး၏ သဘောထားအမြင်နှင့် တာဝန်ယူမှုကို ပြသသင့်ကြောင်း၊ သမိုင်းအတွက်၊ ပြည်သူ့အတွက်၊ ကမ္ဘာကြီးအတွက် တာဝန်ယူမှု ရှိစွာ တရုတ်-အမေရိကန်ကို ကောင်းမွန်စွာ စီမံသင့်ရာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ရှိရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားကို တိုးပွားအောင် ဆောင်ရွက်ရမည် ဖြစ်သလို လူသားမျိုးနွယ် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရမည် ဖြစ်ကြောင်း ၊ ကမ္ဘာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ရမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က တရုတ်ယဉ်ကျေးမှုသည် နှစ်ပေါင်း ၅,၀၀၀ ကျော် စဉ်ဆက်မပြတ် တည်ရှိလာခဲ့ရာ ခေတ်ကာလနှင့်အညီ လိုက်လျောညီထွေဖြစ်မှု၊ အားလုံးပါဝင်ခြင်းကို လက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုရှိသည့် ငြိမ်းချမ်းရေး အတွေးအခေါ်ကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စီးပွားရေး အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုက်အဝန်း ရေရှည် တည်ငြိမ်မှု ဟူသော အံဖွယ် ၂ ရပ်ကို ဖန်တီးနိုင်ခဲ့ရာ အကြွင်းမဲ့ ဆင်းရဲနွမ်းပါးမှု (absolute poverty) ကို သမိုင်းဝင် ဖြေရှင်းနိုင်ခဲ့ပြီး အတော်အသင့် ပြည့်စုံသည့် လူမှုအဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်း၏ အဓိကအကြောင်းအရင်းမှာ တရုတ်နိုင်ငံ၏ နိုင်ငံအခြေအနေနှင့်လျော်ညီမှု၊ ပြည်သူများ၏ မျှော်လင့်ချက်နှင့်ကိုက်ညီမှု၊ ပြည်သူလူထု၏ ဝန်းရံထောက်ခံမှုရှိသော အောင်မြင်သည့်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်ဝိသေသလက္ခဏာရှိသည့် ဆိုရှယ်လစ်လမ်းစဉ်ကို ဆက်လက်ခိုင်မာစွာ လျှောက်လှမ်းသွားမည် ဖြစ်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဘက်စုံ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပြောင်းလဲမည် မဟုတ်သလို နိုင်ငံအသီးသီးနှင့်အတူ လူသားမျိုးနွယ်တို့၏ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပိုမို သိရှိနားလည်စေရေးအတွက် အမေရိကန် လွှတ်တော်အမတ်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြရန် ကြိုဆိုကြောင်း၊ နှစ်နိုင်ငံ ဥပဒေပြုဌာနများ သွားလာမှု၊ တွေ့ဆုံဆွေးနွေး ဖလှယ်မှုများ ပိုမို ပြုလုပ်ကာ အပြန်အလှန်နားလည်မှုကို တိုးမြှင့်၍ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်လာအောင်၊ ကောင်းမွန်လာအောင် အပြုသဘော တွန်းအားပေးဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

Chuck Schumer က သာယာလှပသည့် တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ တရုတ်နိုင်ငံ၏ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ယခုခရီးစဉ်တွင် မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်သည့် အားမာန်နှင့် အလားအလာကို ခံစားမိကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် Chuck Schumer က မိတ်ဆက်ပြောကြားရာတွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံအတွက် အထူးအရေးကြီးသလို ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လည်း ဆက်နွယ်နေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်ပြည်သူများအတွက် အကျိုးရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးပမ်းမည် မဟုတ်သလို တရုတ်နိုင်ငံနှင့် ကွင်းဆက်ဖြတ်တောက်မှုကို မလိုလားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှု စိတ်ဓာတ်ဖြင့် တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို တာဝန်ယူမှုရှိစွာ စီမံထိန်းချုပ်သွားမည် ဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ ဥတုရာသီပြောင်းလဲမှုကို ရင်ဆိုင်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး၊ ဒေသတွင်းပဋိပက္ခများ ဖြေရှင်းရေးတို့တွင် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း Chuck Schumer က ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဝမ်ရိ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
习近平会见美国国会参议院多数党领袖舒默一行
新华社北京10月9日电(记者杨依军)10月9日下午,国家主席习近平在人民大会堂会见美国国会参议院多数党领袖舒默率领的美国国会参议院两党代表团。
习近平指出,中美关系是世界上最重要的双边关系。中美两国如何相处,决定人类的前途和命运。竞争对抗不符合时代潮流,更解决不了本国自身的问题和世界面临的挑战。中方始终认为,中美共同利益远远大于分歧,中美各自取得成功对彼此是机遇而非挑战。“修昔底德陷阱”并非必然,宽广的地球完全容得下中美各自发展、共同繁荣。中美两国经济深度融合,你中有我,我中有你,可以从对方的发展中获益。全球疫后复苏、应对气候变化、解决国际和地区热点问题,都需要中美协调和合作。中美作为两个大国,应展现大国的胸怀、视野和担当,本着对历史、对人民、对世界负责的态度,处理好中美关系,相互尊重、和平共处、合作共赢,增进两国人民福祉,促进人类社会进步,为世界和平发展作出贡献。
习近平指出,中华文明绵延不断五千多年,始终坚持与时俱进、兼收并蓄、合作交流的和平理念。中国创造了经济快速发展和社会长期稳定两大奇迹,历史性解决了绝对贫困问题,全面建成小康社会,根本原因是找到了一条符合中国国情、符合人民期待、得到人民支持拥护的成功发展道路。中国将继续坚持走中国特色社会主义道路,全面推进中国式现代化,坚持和平发展不动摇,同世界各国一道,推动构建人类命运共同体。欢迎更多美国国会议员访华,更好地理解中国的过去、现在和未来。希望两国立法机构多来往、多对话、多交流,增进彼此相互了解,为推动中美关系稳下来、好起来作出积极贡献。
舒默等表示,很高兴访问美丽的中国,感谢中方热情接待,使我们通过此行感受到中国发展的活力和潜力。舒默等介绍了对中美关系有关问题的看法和意见,表示,美中关系稳定发展不仅对美中两国至关重要,也事关世界和平与发展。中国发展繁荣有利于美国人民。美方不寻求同中国发生冲突,不希望同中国脱钩,愿同中方本着开放坦诚、相互尊重的精神加强对话沟通,负责任地管控两国关系,推动美中关系稳定发展。美方期待同中方加强双边贸易投资合作,就应对气候变化、打击毒品贩卖、解决地区冲突等问题加强沟通合作。
王毅参加会见。(完)
1. 10月9日下午,国家主席习近平在北京人民大会堂会见美国国会参议院多数党领袖舒默率领的美国国会参议院两党代表团。