Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သော မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene နှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် ဇွန် ၂၇ ရက် ညနေက တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-မွန်ဂိုလီးယားသည် တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြကြောင်း၊ ရေရှည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ အတူ မဟာဗျူဟာရွေးချယ်မှု ဖြစ်ရာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်အပြည့်အဝ ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်-မွန်ဂိုလီးယား ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားရာ မွန်ဂိုလီးယားနိုင်ငံ၏ ယုံကြည်ကိုးစားထိုက်သော မိတ်ဖက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မွန်ဂိုလီးယားနိုင်ငံနှင့်အတူ တရုတ်-မွန်ဂိုလီးယား အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ရှေ့ဆောင်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မွန်ဂိုလီးယား ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပို၍ အဆင့်မြင့်စွာ လျှောက်လှမ်းရန် တွန်အားပေးဆောင်ရွက်ကာ ဒေသအတွက် တည်ငြိမ်မှုနှင့်သေချာရေရာမှုများကို ဖြည့်တင်းသွားလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene က မွန်ဂိုလီးယား-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေ၍ ပြည်သူချင်း စိတ်ချင်းဆက်နွယ်လျက်ရှိသော အေးအတူ ပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း ၊ ကိုဗစ်ကပ်ရောဂါကာလတွင် တရုတ်နိုင်ငံက ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အောင်မြင်စွာ ကျင်းပပြီး စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုဟူသော အပြုသဘောသတင်းစကားပါးနိုင်ခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ ယုံကြည်ချက်ကို များစွာ တိုးတက်စေခြင်းကို မွန်ဂိုးလီးယားနိုင်ငံအနေဖြင့် အမှတ်တရရှိနေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အဖိုးတန်ကူညီပံ့ပိုးမှုများပေးအပ်သည့်အပေါ် လည်း မွန်ဂိုလီးယားနိုင်ငံက အမှတ်တရ ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အသိအမှတ်ပြုဖွယ်အောင်မြင်မှုများကို ရရှိရာ ကမ္ဘာတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို ပြသလျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းခြင်းသည် မုချမသွေ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မွန်ဂိုလီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မွန်ဂိုလီးယား-တရုတ် ဆက်ဆံရေးအား နိုင်ငံချင်းဆက်ဆံရေး၏ စံနမူနာအဖြစ်တည်ဆောက်သွားလို ကြောင်း မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Luvsannamsrai Oyun-Erdene က ပြောကြားခဲ့သည်။ (Xinhua)

——————————
(Chinese Version)
(外事)习近平会见蒙古国总理奥云额尔登
新华社北京6月27日电(记者杨依军)6月27日下午,国家主席习近平在人民大会堂会见来华进行正式访问的蒙古国总理奥云额尔登。
习近平指出,中蒙山水相连、毗邻而居,发展长期睦邻友好关系是双方一道作出的战略选择,完全符合两国人民根本利益。中方高度重视发展中蒙关系,是蒙古国可以信赖和倚重的伙伴。中方愿同蒙方一道,以构建中蒙命运共同体为引领,不断深化两国友好、互信、合作,推动中蒙全面战略伙伴关系向更高水平迈进,为本地区注入更多稳定性和确定性。
奥云额尔登表示,蒙中山水相连,民心相通,命运与共。蒙方不会忘记,新冠疫情期间北京成功主办北京冬奥会,发出团结与合作的积极信息,极大提振了国际社会信心。蒙方也不会忘记中方提供的宝贵帮助。中国发展取得了举世瞩目的成就,彰显了中国在世界上的领导力。相信在习近平主席领导下,中国式现代化一定能够实现。蒙方愿同中方一道,将蒙中关系打造成国与国关系典范。
1. 6月27日下午,国家主席习近平在北京人民大会堂会见来华进行正式访问的蒙古国总理奥云额尔登。 新华社记者 申宏 摄