Connect with us

China

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် ပထမနှစ်ဝက်အတွင်း ပြည်ပကုန်သွယ်ရေး တိုးတက်မှုရှိ

ဟဲဖေ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ်တွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကုန်စည် သွင်းကုန်၊ ပို့ကုန် စုစုပေါင်းမှာ ယွမ် ၃၇၇.၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၂.၈၁ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဒေသအာဏာပိုင်များက ဇူလိုင် ၁၉ ရက်၌ ပြောကြားခဲ့သည်။

ယင်းကာလအတွင်း အန်းဟွေးပြည်နယ်၏ ပို့ကုန်များမှာ ယခင်နှစ် အလားတူကာလထက် ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၂၅၁.၂၆ ဘီလီယံ ရှိခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့်မူ ယွမ် ၁၂၆.၂၉ ဘီလီယံရှိခဲ့ရာ ၁၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟဲဖေမြို့ အကောက်ခွန်ဌာနအရ သိရသည်။

ပို့ကုန် ကုန်စည်အမျိုးအစားများအနေဖြင့် လျှပ်စစ်မော်တော်ယာဉ်များနှင့် လစ်သီယံအိုင်းယွန် ဘက်ထရီများက သိသိသာသာတိုးတက်မှုရှိခဲ့ပြီး ကာလတန်ဖိုးအနေဖြင့် ယွမ် ၁.၆၉ ဘီလီယံနှင့် ယွမ် ၇.၅ ဘီလီယံ အသီးသီးရှိခဲ့ရာ ယခင်နှစ်ကထက် ၁၅၂.၆ ရာခိုင်နှုန်းနှင့် ၁၈၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။

အန်းဟွေးပြည်နယ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများကြား ကုန်သွယ်မှုသည် ယွမ် ၁၂၅.၂ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယမန်နှစ်ကထက် ၂၆.၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ယင်းပမာဏမှာ အဆိုပါပြည်နယ်၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၃၃.၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

………………………………

(English Version)

China’s Anhui reports foreign trade growth in H1
HEFEI, July 20 (Xinhua) — The total import and export of goods in east China’s Anhui Province grew 3.4 percent year on year to over 377.55 billion yuan (about 52.81 billion U.S. dollars) in the first half of 2023, local authorities said Wednesday.
During this period, the province’s exports increased to 251.26 billion yuan, surging by 14.5 percent over the same period of last year, while its imports stood at 126.29 billion yuan, down 13.4 percent, according to Hefei Customs.
In terms of export items, electric manned vehicles and lithium-ion batteries saw significant growth, reaching 1.69 billion yuan and 7.5 billion yuan, respectively, with year-on-year surges of 152.6 percent and 187 percent.
Trade between Anhui and countries along the Belt and Road soared to 125.2 billion yuan, up 26.8 percent year on year, accounting for 33.2 percent of the province’s total foreign trade volume.
Photo: This aerial photo taken on July 29, 2022 shows a China-Europe freight train bound for Budapest, Hungary leaving a logistics base in Hefei, east China’s Anhui Province. (Photo by Song Yanjun/Xinhua)