Connect with us

Media

အာရှမသန်စွမ်းအားကစားပွဲ၌ စက်ရုပ်လက်မောင်းတံက မသန်စွမ်းအားကစားသမားကို မီးထွန်းညှိရာတွင် ကူညီပေး

ဟန်ကျိုး၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့၌ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှမသန်စွမ်း အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ၏ မသန်စွမ်းရေကူးအားကစားမယ် Xu Jialing က ဉာဏ်ရည်တု စက်ရုပ်လက်မောင်းတံဖြင့် ဒယ်စောက်ပေါ် မီးထွန်းညှိခဲ့ကြောင်း သိရသည်။

ဦးနှောက်-ကွန်ပြူတာ ပေါင်းကူးဆက်သွယ်ပေးသော စက်ရုပ်လက်မောင်းတံအား ဟန်ကျိုး ဒေသတွင်း နည်းပညာ ကုမ္ပဏီဖြစ်သည့် BrainCo က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက်ဆုံးပေါ်ကိရိယာသည် လက်ချောင်းများအကြားတွင် လှုပ်ရှားမှု အသီးသီး ဟန်ချက်ညီအောင် ကောင်းစွာထိန်းချုပ်နိုင်မှုနှင့် လွတ်လွတ်လပ်လပ် လှုပ်ရှားမှုအား အထောက်အကူဖြစ်စေကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Smart bionic arm helps para athlete light cauldron at Asian Para Games
At the opening ceremony of the 4th Asian Para Games held in east China’s Hangzhou on Sunday, China’s para swimmer Xu Jialing lit the cauldron with an intelligent bionic arm.
This brain-computer interface product was made by a Hangzhou local tech company, BrainCo. The cutting-edge gadget enables independent finger movement and coordination among fingers.
Xinhua News Agency correspondents reporting from Hangzhou, China.(XHTV)