Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂,၄၄၅ ဦးအထိ မြင့်တက်လာ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်ရှိ ငလျင်ဒဏ် အဆိုးဝါးဆုံးခံစားရသော ဇင်ဒါဂျန်ခရိုင်တွင် လူပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် မြင်ကွင်းအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရတ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်နှင့် အနီးဝန်းကျင်ပြည်နယ်များတွင် ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂,၄၄၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟာရတ် အာဏာပိုင်များက အောက်တိုဘာ ၈ ရက် ညပိုင်း၌ ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ဟာရတ်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်ခဲ့ပြီးနောက် နေအိမ်များ ပျက်စီးနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ငလျင်ဒဏ်အဆိုးဝါးဆုံးခံစားခဲ့ရသော ဒေသမှာ ကျေးရွာ ၁၃ ရွာ လုံးလုံးလျားလျား ပျက်စီးခဲ့ရသော ဟဲရတ်ပြည်နယ် ဇန်ဒါဂျန်ခရိုင်ဖြစ်ကြောင်း ဟဲရတ်ပြည်နယ်ဆိုင်ရာ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး မော်လဝီ မူဆာ အက်ရှ်ဟာရီ က ပြောကြားခဲ့သည်။

အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ မူလာ ဂျန်နန်ရှက်ခ်က ငလျင်လှုပ်ခတ်မှုများအတွင်း လူပေါင်း ၉,၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာ ၇ ရက်က အင်အား ၆.၂ အဆင့်ရှိသော ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း တရုတ် ငလျင်ကွန်ရက်များစင်တာအရ သိရသည်။ ပထမငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁:၁၀ နာရီခန့်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………….
(English Version)
Death toll of earthquakes in Afghanistan rises to 2,445

HERAT, Afghanistan, Oct. 9 (Xinhua) — The death toll from earthquakes in western Afghanistan’s Herat and neighboring provinces has risen to 2,445, Herat authorities said Sunday night.

The most affected area is the Zanda Jan district in Herat, where 13 villages have been “utterly destroyed,” said Mawlawi Musa Ashari, Herat’s provincial director for the National Disaster Management Authority.

Earlier on the same day, spokesman for the National Disaster Management Authority, Mullah Janan Shaeq, said more than 9,200 people had been injured during the quakes.

According to the China Earthquake Networks Center, two earthquakes with a magnitude of 6.2 jolted Afghanistan on Saturday. The first tremor occurred at around 11:10 local time (0640 GMT).

Photo: Photo taken on Oct. 8, 2023 shows the scene following several deadly earthquakes in the hardest-hit Zindajan district, west Afghanistan’s Herat province.(Photo by Saifurahman Safi/Xinhua)
Photo 2: This photo taken on Oct. 8, 2023 shows ruins of dwellings after earthquakes in Herat Province, Afghanistan. (Photo by Saifurahman Safi/Xinhua)