Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထောင်နှင့်ချီသော ဈေးဆိုင်ခန်းများနှင့် ရဲတန်းလျားများ မီးလောင်ပျက်စီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဈေးတစ်ခုတွင် မီးလောင်မှုဖြစ်ပွားသည့်နေရာ၌ ဒေသခံများက မီးသတ်သမားများကို ကူညီ၍ မီးငြှိမ်းသတ်နေမှုကို ၂၀၂၃ခုနှစ်၊ ဧပြီ ၄ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ဈေးတစ်ခုတွင် မီးငြှိမ်းသတ်နေကြသော မီးသတ်သမားများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ဈေးတစ်ခုတွင် မီးငြှိမ်းသတ်နေကြသော မီးသတ်သမားများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဟောင်းရှိ လူနေရပ်ကွက်အတွင်းရှိ ဈေးတစ်ခုတွင် ဧပြီလ ၄ ရက် နံနက်ပိုင်းက ထောင်နှင့်ချီသော ဈေးဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကုန်ပစ္စည်းများနှင့် အိမ်ရာအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကြီးဆုံးအဝတ်အထည်စျေးကွက်များအနက်တစ်ခုဖြစ်သည့် Bangabazar သည်မီးလောင်မှုဖြစ်ပွားသည့်အချိန်တွင် ဈေးမဖွင့်ရသေးသည့် အချိန် ဖြစ်ကြောင်း သိရသည်။

မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဗိုလ်မှူးချုပ် Md Main Uddin က လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် Rapid Action Batalion (RAB) တပ်ရင်းတို့နှင့်အတူ မီးသတ်ဌာန ၄၈ခုဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ဒေသစံတော်ချိန် နေ့လယ် ၁၂:၃၆ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း၊ ထိုသို့မီထိန်းနိုင်ရန် ၆ နာရီ ကျော်ကြာအောင် အပြင်းအထန်ကြိုးစားခဲ့ရကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

မီးလောင်မှုအား ထိန်းချုပ်ရန် ဆောင်ရွက်နေစဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် နှင့် အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ်ဦး အပါအဝင် အနည်းဆုံး လူ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲဌာနချုပ် အဆောက်အဦ၏ ပဉ္စမထပ်ရှိ တန်းလျား မီးလောင်သွားကြောင်း ရဲမှူးချုပ် Chowdhury Abdulla-Al-Mamun က သတင်းထောက်များအား ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
Fire guts thousands of shops, police barrack in Bangladesh
DHAKA, April 5 (Xinhua) — A fire gutted thousands of shops in a market in a residential neighborhood of the old part of Bangladesh’s capital on Tuesday morning, destroying goods and property.
No casualties have been reported.
Bangabazar, one of the biggest clothing markets in the country, was not open for business at the time when the fire broke out.
Brigadier General Md Main Uddin, director general of the department of fire service and civil defense, told Xinhua that 48 fire service units along with members of the armed forces, Border Guard Bangladesh, and Rapid Action Battalion have brought the blaze under control at 12:36 p.m. local time, after over six hours of frantic efforts.
At least eight people, including two members of the Fire Service and Civil Defense, were injured while working to control the massive fire.
Inspector General of Police Chowdhury Abdulla-Al-Mamun told journalists that the barrack located on the fifth floor of a building of the police headquarters was burnt.
(1)Local people help firefighters to spray water at the site where a fire broke out at a market in Dhaka, Bangladesh, on April 4, 2023. (Xinhua)
(2) (3)Firefighters battle a fire at a market in Dhaka, Bangladesh, on April 4, 2023. (Xinhua)