Connect with us

Media

တူရကီအမျိုးသမီးရဲကွန်မန်ဒိုများက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် Bosphorus ရေလက်ကြားပေါ်ဖြတ်ကူး

အစ္စတန်ဘူလ်၊ မတ် ၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ အမျိုးသမီးရဲတပ်ဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ် ၇ ရက်က Bosphorus ရေလက်ကြားပေါ်ဖြတ်ကူးခဲ့ကြသည်။

ရဲကွန်မန်ဒိုအထူးတပ်ဖွဲ့မှ ပြန်တမ်းဝင်အရာရှိမဟုတ်သူ အရာရှိ ၆ ဦးတို့သည် ကြိုးများကိုအသုံးပြု၍ ၆၄ မီတာအမြင့်ရှိသော Bosphorus တံတားပေါ်မှ မြစ်အတွင်းရှိလှေများဆီသို့ လျှော၍ဆင်းသက်ခဲ့ကြသည်။
အဆိုပါ ထူးခြားသောလှုပ်ရှားမှုသည် အများပြည်သူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပြီး ကွန်မန်ဒိုများကို ကြည့်ရှုရန်နှင့် ဗီဒီယိုရိုက်ကူးရန် မြစ်ကမ်းတစ်လျှောက် လူအုပ်ကြီးစုဝေးနေခဲ့ကြောင်း သိရသည်။

တံတားခန်းဖွင့်အကျယ် ၃၁ ကီလိုမီတာကျော်ရှိသော ယင်းတံတားသည် ဖြတ်သန်းသွားလာမှုအများဆုံး ရေလမ်းကြောင်းအနက် တစ်ခုဖြစ်ပြီး ဥရောပနှင့် အာရှဘက်ခြမ်းအနေဖြင့် အစ္စတန်ဘူလ်မြို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

ထိုသို့ လှုပ်ရှားမှုဆောင်ရွက်နေစဉ် ရေလက်ကြားနှစ်ဘက်ရှိ ပင်လယ်ရေကြောင်းဖြတ်သန်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Turkish female gendarmerie commandos mark Int’l Women’s Day over Bosphorus Strait
Turkish female gendarmerie commandos celebrated International Women’s Day on Friday with a remarkable activity over the Bosphorus Strait in Istanbul.
Six non-commissioned officers from the Gendarmerie Commando Special Operations unit used ropes to descend on boats from the 64-meter-high Bosphorus Bridge to mark the occasion.
The activity attracted public interest, with crowds gathering along the shores to watch the commandos and shoot videos.
The bridge, which spans over the 31-kilometer-long strait, one of the busiest waterways, connects the European and Asian sides of Istanbul.
The sea traffic on both sides of the strait was temporarily suspended during the event.