Connect with us

Asia

ဒေလီမြို့တွင် လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းကြောင့် ကန့်သတ်ချက်များချမှတ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ထူထပ်နေသည့်မီးခိုးမြူများကြားမှ လမ်းပေါ်တွင် မောင်းနှင်နေကြသည့် မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့် မြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ်များသွားလာမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ၍ ချမှတ်ခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့ရှိ လေထုအရည်အသွေးအညွှန်းကိန်း (AQI) သည် “ဆိုးရွားသော” အဆင့်အောက်တွင် ရောက်ရှိနေသောကြောင့် ယာဉ်အသွားအလာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ကန့်သတ်ချက်များ ချမှတ်ခဲ့ကြောင်း ပြည်နယ်၏ သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး Gopal Rai က ပြောကြားခဲ့သည်။

ဖက်ဒရယ်အစိုးရ၏လေထုအရည်အသွေးစီမံခန့်ခွဲမှုကော်မရှင် (CAQM) က ဒေလီမြို့နှင့် အနီးတစ်ဝိုက်ရှိ National Capital Region (NCR) ဒေသများတွင် AQI ပိုဆိုးလာခြင်းကြောင့် အရေးမကြီးသည့် ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဓာတ်ဆီသုံးယာဉ် BS-III နှင့် ဒီဇယ်သုံးယာဉ် BS-IV လေးဘီးယာဉ်များကို လွန်းပြန်ပြေးဆွဲခြင်းနှင့် ပတ်သက်၍ တားမြစ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ဒေလီတွင် “ဆိုးရွားသော” အဆင့်အောက်တွင် ရောက်ရှိလာသည့် AQI 447 မှာ စံချိန်တင်ခဲ့ကြောင်း ဗဟို ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့ (CPCB) အချက်အလက်များက ဖော်ပြထားသည်။ (Xinhua)
——————————-
Rising air pollution brings in restrictions in Delhi
NEW DELHI, Dec. 24 (Xinhua) — Restrictions on movement of vehicles and construction activities were once again imposed in Delhi on Saturday given rising air pollution levels.
The state’s Environment Minister Gopal Rai said that the air quality index (AQI) in the national capital had entered into the “Severe” category, and restrictions on movement of traffic and construction activities were hence imposed.
The federal government’s Commission for Air Quality Management (CAQM) ordered a ban on non-essential construction work and plying of BS-III petrol and BS-IV diesel four-wheelers in Delhi and it is surrounding National Capital Region (NCR) amid worsening AQI in the region.
An AQI of 447 was recorded in Delhi which comes under the “Severe” category, the Central Pollution Control Board (CPCB) data showed.■