Connect with us

Asia

အိန္ဒိယနိုင်ငံ၏ မြို့တော်တွင် မြင်ကွင်းရှင်းလင်းမှု မရှိသောကြောင့် လေကြောင်း ပျံသန်းမှုများထိခိုက်

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ Srinagar မြို့၌ မြူများထူထပ်စွာ ကျဆင်းနေသော နံနက်ခင်းတွင် စက်ဘီးကိုတွန်း၍ လမ်းလျှောက်နေသည့် အမျိုးသား တစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်တွင် ဒီဇင်ဘာ ၂၅ ရက်က မြူများ ထူထပ်စွာ ကျဆင်းသည့် ရာသီဥတုဖြစ်စဉ်ကြောင့် မြင်ကွင်းများ ရှင်းလင်းမှုမရှိသည့်အတွက် လေကြောင်း ပျံသန်းမှုများကို ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ Srinagar မြို့၌ မြူများထူထပ်စွာ ကျဆင်းနေသော နံနက်ခင်းတွင် စက်ဘီးစီးနေသော အမျိုးသားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒေလီသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ် ၈ ခုကို နံနက်ပိုင်းက လမ်းကြောင်းပြောင်းခဲ့ရပြီး ယင်းခရီးစဉ်များအနက် ၇ ခုကို Jaipur မြို့နှင့် ခရီးစဉ် ၁ ကို Ahmedabad မြို့သို့ လမ်းကြောင်းပြောင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ ဒေလီရှိ အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြူရှင်းလင်းကာ မြေပြင်ဆင်းသက်ရေးစနစ်ကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာန (IMD) ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၅:၃၀ နာရီမှ နံနက် ၉:၃၀ နာရီအထိ ဒေလီလေဆိပ်၌ မမြင်နိုင်လောက်အောင် မြူများ ထူထပ်စွာ ကျဆင်းခဲ့ကြောင်း သိရသည်။ ထိုသို့ မြူထူများ ကျဆင်းနေသည့် အချိန်အတွင်း Uttar Pradesh ပြည်နယ် ရှိ Hapur-Bulandshahr အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယဉ်အစီးရေ တစ်ဒါဇင်ကျော် ထိခိုက်ခဲ့သည့် ယာဉ်မတော်တဆမှုကြီးတစ်ခု ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွါးခဲ့ကြောင်း သိရသည်။ မြူများထူထပ်စွာ ကျဆင်းနေသောကြောင့် ယာဉ်များ ဆင့်ကဲတိုက်မိမှု ဖြစ်စဉ်ဖြစ်ပွါးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လာမည့် သုံးရက်မှ လေးရက်အတွင်း အိန္ဒိယနိုင်ငံအနောက်မြောက်ဘက်နှင့် ဆက်စပ်လျက်ရှိသော အလယ်ပိုင်းဒေသများတွင် မြူများထူထပ်စွာ ထူထပ်စွာကျဆင်းနိုင်ကြောင်းIMD မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)

……………………………….
(English Version)
Flight operations hit as Indian capital experiences low visibility
NEW DELHI, Dec. 26 (Xinhua) — Flight operations in the Indian capital were hit Monday as the city experienced low visibility in foggy weather, officials said. Reports said eight flights to Delhi were diverted in the morning, with seven diverted to Jaipur and one to Ahmedabad.
The Indira Gandhi International Airport in Delhi has initiated an anti-fog landing system.
According to the India Meteorological Department (IMD), a very dense fog with zero visibility was prevailing at the Delhi airport from 5:30 a.m. to 9:30 a.m. local time on Monday. Meanwhile, a major accident involving over a dozen vehicles took place Monday on the Hapur-Bulandshahr highway in Uttar Pradesh due to the prevailing foggy conditions. Police said vehicles collided in a chain reaction amid dense fog.
IMD said dense to very dense fog is likely to continue over northwest and parts of adjoining central India during the next three to four days.
■ (1) A man walks with his bicycle amid dense fog morning in Srinagar city, Indian-controlled Kashmir, Dec. 25, 2023. (Xinhua/Javed Dar)
(2) A man rides a bicycle amid dense fog in Srinagar city, Indian-controlled Kashmir, Dec. 25, 2023. (Xinhua/Javed Dar)