Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ ဖေဖော်ဝါရီလတွင် အလုပ်လက်မဲ့နှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျ

ဖိလစ်ပိုင်နိုင်ငံ ကွီဇုံမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် အလုပ်လုပ်နေသူများကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် ၄ ဒသမ၅ ရာခိုင်းနှုန်းမှ ဖေဖော်ဝါရီလတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံသား ၁ ဒသမ ၈ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ပြီ ဇန်နဝါရီလတွင် ရှိခဲ့သည့် အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၁၅ သန်းထက် လျော့နည်းသွားကြောင်း ဖိလစ်ပိုင်စာရင်းအင်း အာဏာပိုင်အဖွဲ့အကြီးအကဲ ဒန်နစ်မာပါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အလုပ်အကိုင်ဖန်တီးပေးသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဖိလစ်ပိုင်အစိုးရက ပိုမိုကောင်းမွန်သော မူဝါဒနှင့် ပတ်ဝန်းကျင်ကို ဖန်တီးရန် ကတိပြုထားကြောင်း အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူးအာဆန်နီယို ဘာလီဆာကန်က ပြောကြားသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အရေးကြီးသည့် ဓာတ်သတ္တုများကဲ့သို့ ဦးစားပေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် အစီအမံများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဘာလီဆာကန်က မှတ်ချက်ပြုပြောကြားသည်။ (Xinhua)

………………………….
(English Version)
Philippines’ unemployment rate drops to 3.5 pct in February
MANILA, April 11 (Xinhua) — The unemployment rate in the Philippines decreased to 3.5 percent in February from 4.5 percent in January, the Philippine Statistics Authority (PSA) said on Thursday.
PSA head Dennis Mapa said at a press conference that there were 1.8 million jobless Filipinos in February, lower than 2.15 million unemployed individuals in January.
National Economic and Development Authority Secretary Arsenio Balisacan said the government remains committed to creating “an enabling policy and regulatory environment to attract employment-generating investments.”
“We will also continue to implement measures to address bottlenecks and expedite processes to realize investment pledges, particularly in priority sectors holding much promise, such as renewable energy and critical minerals,” Balisacan said. ■
Photo- Workers are seen at a construction site in Quezon City, the Philippines, on July 8, 2023. (Xinhua/Rouelle Umali)