Connect with us

Videos

တရုတ်နိုင်ငံထုတ် အရောင်အသွေးစုံလင်လှပသော ပန်းအတုများ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူကြိုက်များ

ဒါကာ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် အရောင်အသွေးစုံလင်လှပသော ပန်းအတုများက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူကြိုက်များလျက်ရှိပြီး အဆိုပါပန်းများကို လူအများက နေ့စဉ်ဘဝ၌ အသုံးပြုလေ့ရှိသည်။“တရုတ်နိုင်ငံက ဒီလှပတဲ့ပန်းလေးတွေကို သူတို့ရဲ့ အရည်အချင်းနဲ့ ပြုလုပ်ထားကြတယ်။ သူတို့ကျေးဇူးကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ ဒီလိုလှပတဲ့ပန်းလေးတွေကို ကျွန်တော်တို့နေအိမ်တွေမှာ အလှဆင်နိုင်ခွင့်ရတာပါ” ပန်းများကို ဝယ်ယူအသုံးပြုသူ Sohan Hossain က ပြောသည်။

ထို့ပြင် ပန်းများကိုဝယ်ယူအသုံးပြုသည့် Md Yasin ကလည်း “လူတွေက Mehfil အတွက်နဲ့ မင်္ဂလာဆောင်ပွဲတွေအတွက် ပန်းတွေကို ဝယ်ကြတယ်။ ကျွန်တော်လည်း ပန်းဝယ်ဖို့လာတာပါပဲ” ဟု ဆိုသည်။

Mintu Full Ghar ပန်းဆိုင်ပိုင်ရှင် Din Islam Mintu က “ဒီမှာတော့ တရုတ်က တင်သွင်းလာတဲ့ ပန်းအမျိုးအစားအစုံရှိပါတယ်။ အရည်အချင်းပြည့်ဝတဲ့ တရုတ်လူမျိုးတွေက တီထွင်ထားတဲ့ အရည်အသွေးမြင့်မြင့်၊ အရောင်အသစ်အဆန်းတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းတွေကို လူတိုင်းက ကြိုက်ကြတယ်လေ။ လူတွေက ဒီပန်းတွေကို ကြိုက်ကြတယ်။ ဒါကြောင့်လည်း ဒီကို လာကြတာပဲ” ဟု ပြောခဲ့သည်။

ပန်းအတုများတင်သွင်းသူ Hamidur Rahman က “တကယ့်ပန်းအစစ်နဲ့ တော်တော်လေးတူတဲ့ ပန်းအတုတွေကို တရုတ်နိုင်ငံကနေ ကျွန်တော်တို့ တင်သွင်းလာတာပါ။ တခြားနိုင်ငံတွေက ဒီလိုပန်းမျိုးကို ထုတ်လုပ်သလား မထုတ်လုပ်ဘူးလားတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒီလိုလှပတဲ့ပန်းလေးတွေကို ပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တော့ တရုတ်နိုင်ငံကို သိပ်ကျေးဇူးတင်တာပဲ။ ဘင်္ဂလားဒေ့ရှ်မှာ ဝယ်လိုအားက အလွန့်အလွန်ကို ကြီးမားတယ်” ဟု ပြောခဲ့သည်။ (Xinhua)

……………………………………..

Chinese-made artificial flowers popular in Bangladesh
Chinese-made artificial flowers are popular in Bangladesh, where people like to use flowers in their daily life.

SOUNDBITE 1 (Bengali): SOHAN HOSSAIN, Customer
The Chinese have made these beautiful flowers with their talent, thanks to them. Just thanks won’t be enough. Thanks to them, they give us the opportunity to decorate our homes with such beautiful flowers at low prices.”

SOUNDBITE 2 (Bengali): MD YASIN, Customer
“Many people buy flowers for Mehfil (Islamic gathering) and wedding events. I also come to buy flowers.”

SOUNDBITE 3 (Bengali): DIN ISLAM MINTU, Owner of Mintu Full Ghar flower house
“Here you can find different types of flowers which are imported from China. Everyone likes flowers made with high quality and new colors, which are invented by talented Chinese. Many people like these flowers, so they come here.”

SOUNDBITE 4 (Bengali): HAMIDUR RAHMAN, Artificial flower importer
“We bring artificial flowers from China that look exactly like real flowers. I don’t know whether other countries can produce such flowers, but I thank China very much for making such beautiful flowers. Our demand in Bangladesh is very very high.”

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.