Connect with us

Asia

ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုမြှင့်တင်မည်ဟု ထိုင်းဘုရင် ပြောကြား

ဘန်ကောက် ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်းက ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင်သည် ဘန်ကောက်မြို့ရှိ Dusit နန်းတော်၌ မကြာသေးမီက ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Han Zhiqiang ၏ သံအမတ်ခန့်အပ်လွှာပေးအပ်တင်သွင်းခြင်းအခမ်းအနား၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင်က မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ရန် နောက်ထပ်အခွင့်အရေးကို မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ် Han က တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း နှင့် ဆွေမျိုးများ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအား ဖော်ဆောင်ရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

C0VID-19 စိန်ခေါ်မှုများအား ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် ကပ်ရောဂါတိုက်ဖျက်ရေး နှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး လက်တွဲဆောင်ရွက်ခဲ့ကြောင်း ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှောင်ကြိုးသည် မိသားစုတစ်ခုတည်းပမာ ရင်းနှီးလာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာကြောင်း သံအမတ်အသစ် Han က ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)

Thailand to further enhance ties, cooperation with China: Thai King
BANGKOK, Nov. 9 (Xinhua) — Thai King Maha Vajiralongkorn has said that Thailand and China are friendly neighbors and Thailand is willing to further enhance the friendly relations and cooperation with China.

The King made the remarks when he recently received the credential presented by new Chinese Ambassador to Thailand Han Zhiqiang in the Dusit Palace in Bangkok.
The King said he looks forward to another opportunity to visit China again in the near future.

Han said China and Thailand are good neighbors, partners and relatives, and China has attached great importance to developing friendly relations with Thailand.
In the face of the COVID-19 challenge, China and Thailand have joined hands to fight the pandemic and promote economic recovery, demonstrating that the bond of friendship between the two countries is as close as one family and it is growing ever stronger as time goes by, Han said. Enditem

Photo – Thai King Maha Vajiralongkorn and Queen Suthida attend the coronation ceremony in Bangkok, Thailand, May 4, 2019. Thai King Maha Vajiralongkorn was crowned in Baisal Daksin Throne Hall of the Grand Palace in Bangkok, becoming the rightful head of the kingdom according to Thai tradition. (Xinhua/ROYAL HOUSEHOLD BUREAU)