Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တောဆင်ရိုင်းကြောင့် လူ ၂ ဦး သေဆုံး

တရုတ်နိုင်ငံအတွင်း တောဆင်ရိုင်း တစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကူမင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် တောဆင်ရိုင်းများကြောင့် လက်ရှိတွင် ရွာသားနှစ်ဦး သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Nanlanghe ရွာက အသက် ၇၁ နှစ်အရွယ် မိသားစုအမည် ကျူ (Zhu) ဟု သိရသော အမျိုးသားမှာ Xishuangbanna Dai ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ် Menghai ခရိုင်တွင် မေလ ၂၂ ရက် နံနက် ၅း၃၀ နာရီ၌ ၎င်း၏ ယာခင်း အနီး အာရှ တောရိုင်းဆင်များ၏ တိုက်ခိုက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်၏ ပြည်သူ့ ရေးရာဋ္ဌာနက မေလ ၂၂ ရက်က ပြောသည်။
တောဆင်ရိုင်း တိုက်ခိုက်ခံရသည့် လက္ခဏာများဖြင့် သေဆုံးနေခြင်းအား ကျူ၏ နောက်လိုက် ရွာသားက တွေ့ရှိပြီးနောက် တာဝန်ရှိသူကများက သတင်း ထုတ်ပြန်ခဲ့သည်။
ဒေသခံ အစိုးရက အာရှ တောရိုင်းဆင်များအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်လျက် ရှိသလို ရွာသားများကို လည်း နိုးနိုးကြားကြား ရှိနေရန် သတိပေးထားခဲ့သည်။
ယင်းခရိုင်အတွင်း၌ပင် မေလ ၁၄ ရက်က အခြား တောဆင်ရိုင်း တစ်ကောင်ကြောင့် အသက် ၃၇ နှစ်အရွယ် မူ (Mu) အမည်ရှိ အမျိုးသား တစ်ဦးလည်း သေဆုံးခဲ့သည်။
တရုတ်နိုင်ငံ အထူးသဖြင့် ယူနန် ပြည်နယ်အတွင်း အာရှ တောဆင်ရိုင်းများ နေထိုင်လျက်ရှိသည်။ လက်ရှိနှစ်များ အတွင်း တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး တိုးမြှင့် လုပ်ဆောင်လျက် ရှိသော်လည်း လူသားများအား တိုက်ခိုက်သည့် ဖြစ်ရပ်များမှာလည်း မြင့်တက်လာလျက် ရှိကြောင်း ဒေသဆိုင်ရာ အစိုးရထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.