Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပဲရစ် ရာသီဥတု ဆိုင်ရာ ညီလာခံ သို့ တက်ရောက်မည်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ် နိုင်ငံ သမ္မတ ဖရန်ဆွာ ဟော်လန်း နှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖေးဘီးရပ်စ်၏ ဖိတ်ကြားချက်အရ ပဲရစ် မြို့တွင် နိုဝင်ဘာလ ၂၉ မှ ၃၀ ရက် အထိ ပြုလုပ်မည့် ရာသီဥတု ဆိုင်ရာ ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန မှ ပြောရေးဆိုခွင့်ရှိသူမှ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နံနက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

ရှီသည် ညီလာခံသို့တက်ရောက် ပြီးနောက် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ ၏ ဖိတ်ကြား ချက်အရ ဇင်ဘာဘွေနိုင်ငံသို့ ဒီဇင်လာလ ၁ ရက်မှ ၂ ရက်နေ့အထိ အလည်အပတ် သွားရောက်မည် ဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ လုခန်း၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် တောင်အာဖရိက နိုင်ငံ သမ္မတ ဂျက်ကော့ ဇူးမား၏ ဖိတ်ကြားချက်ဖြင့် ရှီသည် တောင်အာဖရိကနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက် မှ ၅ရက်နေ့အထိ အလည်အပတ် သွားရောက်မည် ဖြစ်ပြီး ဂျိုဟန်နက်စ်ဘတ်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ် (FOCAC) တွင် သဘာပတိ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)