Connect with us

Science & Technology

တရုတ်က ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှု စောင့်ကြည့်ရေး ဂြိုဟ်တုလွှတ်တင်

တရုတ်က ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ TanSat ဂြိုဟ်တုအား လွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျူချွမ်၊ ဒီဇင်ဘာ ၂၂ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gobi သဲကန္တာရ အတွင်းရှိ ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ကာဗွန်ဒိုင်အောက်ဆိုဒ် လေ့လာစောင့်ကြည့်ရေးဂြိုဟ်တုအား Long March-2D ဒုံးပျံဖြင့် ဒီဇင်ဘာ ၂၂ရက် ဒေသစံတော်ချိန် နံနက် ၃း၂၂နာရီတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံပြီးလျှင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုအား ကိုယ်ပိုင်ဂြိုဟ်တုဖြင့် စောင့်ကြည့်လေ့လာသည့် တတိယမြောက်နိုင်ငံဖြစ်လာကြောင်း သိရသည်။

အလေးချိန် ၆၂၀ကီလိုဂရမ်ရှိသည့် TanSat ဂြိုဟ်တုအား ကမ္ဘာမြေပြင်အထက် ၇၀၀ကီလိုမီတာခန့် ရှိ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လွှတ်တင်ကာ လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ်သည်းဆ၊ ပါဝင်မှု နှင့် ပျံ့နှံ့မှု တို့ကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း အသေးစားဂြိုဟ်တုသုတေသနအသင်း တရုတ်နိုင်ငံအကယ်ဒမီ၏ TanSat ဒီဇိုင်နာချုပ် Yin Zengshan ကပြောကြားခဲ့သည်။

အဆိုပါဂြိုဟ်တုသည် ရာသီဥတုပြောင်းလဲမှု အား နားလည်သဘောပေါက်နိုင်စေရန် ကူညီပေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ မူဝါဒ ချမှတ်သူများအတွက်လည်း အချက်အလက်များ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

သုံးနှစ်ကြာ လုပ်ငန်းစဉ်အတွင်း TanSat ဂြိုဟ်တုသည် ၁၆ရက်ကြာတိုင်း ကမ္ဘာ့လေထုတါင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုအဆင့်အား အနည်းဆုံး အပုံတစ်သန်းပုံလျှင် ၄ပုံနှုန်းအထိ တိကျစွာ ဖော်ပြပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် Long March ဒုံးပျံအမျိုးအစား၏ ၂၄၃ကြိမ်မြောက် လွှတ်တင်မှုဖြစ်ပြီး အဆိုပါ ဒုံးပျံသည် TanSat ဂြိုဟ်တုအပြင် စိုက်ပျိုးရေး နှင့် သစ်တောများအား လေ့လာစောင့်ကြည့်ရန် အခြားအသေးစားဂြိုဟ်တု သုံးခုကိုလည်း သယ်ဆောင်သွားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.