Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၌ ကြက်ဌက် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်

ကြက်ဌက် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု သတင်း ထုတ်ပြန်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ- MOALI Office)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း မြို့နယ် ၊ အမှတ်(၆) ရပ်ကွက်၌ မွေးမြူထားသော ဒေသကြက် သေဆုံးခဲ့သဖြင့် ရောဂါ နမူနာ ပစ္စည်းများကို Influenza Type A/H5N1 Positive ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်တွင် အတည်ပြုနိုင်ခဲ့ပြီး ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ် နိုင်ရန် ကြက်ဌက် တုပ်ကွေး ရောဂါ ကာကွယ် ထိန်းချုပ်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များ နှင့် အညီ ဆောင်ရွက်လျက် ရှိကြောင်း မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အခြားသော တိုင်းဒေသကြီး/ပြည်နယ် များရှိ ကြက် ၊ ဌက်များတွင် သာမက လူသို့ကြက်ဌက် တုပ်ကွေး ရောဂါ ကူးစက်မှု မရှိစေရန် ကြက် ၊ ဌက် ၊ အသား ၊ ဥ စသည်တို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသုံးရန် ၊ ကြက်ဌက်များ ရုတ်တရက် သေဆုံးကြောင်း သိရှိရပါက နီးစပ်ရာ အုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့သို့ ချက်ချင်း သတင်းပို့ရန် ၊ ရောဂါ ကြိုတင် ကာကွယ်ရေး နှင့် ရောဂါ စူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် စသည့် အချက်များအား အသိပေး ထားသည်။

ကြက်ဌက် တုပ်ကွေး ရောဂါသည် မြန်မာနိုင်ငံ၌ ၂၀၀၆ ခုနှစ်မှ စတင် ကျရောက် ဖြစ်ပွားခဲ့ရာ ၂၀၁၆ ခုနှစ်ထိ စုစုပေါင်း ၈ ကြိမ် ကျရောက် ဖြစ်ပွားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)