Connect with us

Environment, Disasters & Accidents

အာရှလမ်းမကြီးတွင် ဂက်စ်အိုးများ တင်ဆောင်လာသော ၁၂ ဘီးယာဉ် တိမ်းမှောက်

ဂက်စ်အိုးများ တင်ဆောင်လာသော ၁၂ ဘီးယာဉ် တိမ်းမှောက်နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် ဂက်စ်အိုးများ တင်ဆောင်လာသော ၁၂ ဘီး ယာဉ်တစ်စီးသည် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂ဝ၁၇ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊မွန်းလွဲ ၃ နာရီခန့်က မြဝတီမှ ကော့ကရိတ်သို့ ဂက်စ်အိုး ၁၉၇ လုံး တင်ဆောင်လာသော ၁၂ ဘီး အနီရောင်ယာဉ်သည် အာရှလမ်းမကြီးရှိနတ်စင်ကွေ့အနီး ကီလိုမီတာ အမှတ် ၁၅၄ နှင့် ၁၅၅ အကြား တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းသည် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လမ်းဘေးတွင် ကာရံထားသော လက်တန်းဘေးကာ (၄)ကန့်၊ ပေ(၄ဝ)ခန့် ပျက်စီးသွားခဲ့ပြီး ယာဉ်မှာ ဦးခေါင်းပိုင်းနှင့် ဘော်ဒီများ ပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ထွန်းထွန်းဝင်းအား ကော့ကရိတ်မြို့မ ရဲစခန်းက ယာဉ်(ပ)၇၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဓ်မ ၂၇၉/၂ဝ၂ ဖြင့် အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကာ တရားခံဖမ်းဆီးရမိရေး နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.