Connect with us

Politics, Law & Military

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၌ အိုင်တီ နည်းပညာ မသုံးသောကြောင့် စိုးရိမ်စရာ မရှိ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ဖြေကြားနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အိုင်တီနည်းပညာ အသုံးပြုခြင်း မပါဝင်သော ကြောင့် မဲစာရင်းမှ မဲရလဒ်များ အထိ မသမာသော နည်းလမ်းများဖြင့် အနှောင့်အယှက် မပြုနိုင်သဖြင့် အချို့ ပြည်သူများ စိုးရိမ် ပူပန်နေသည့် ကိစ္စမျိုး မဖြစ်ပေါ်နိုင်ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC: _ Union Election Commission)၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ နေ့လယ်ပိုင်း သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့ သည်။

“UEC ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဖြစ်တဲ့ ပုံစံ (၁) ကနေ ပုံစံ (၂၀) အထိ အားလုံးဟာ စာရွက်တွေ အပေါ်မှာပဲ သွားနေတာ၊ မဲစာရင်းတွေ၊ မဲရုံတွေကနေ ရတဲ့ ရလဒ်၊ မြို့နယ် ကော်မရှင် ခွဲတွေ၊ တိုင်းဒေသကြီး ပြည်နယ်တွေအထိ ရလဒ်တွေအားလုံးဟာ သူတို့ မြို့နယ် သူတို့ဒေသမှာပဲ ကြေညာချက်တွေ ထုတ်ပြန်ပြီးသား၊ UEC က တစ်ပြည်လုံးအတိုင်းအတာ စာရင်းကိုပဲ ထုတ်ပြန်ရတာ၊ အဲဒီ ထုတ်ပြန်တဲ့ ပုံစံ တွေအားလုံးမှာ အိုင်တီ နည်းပညာနဲ့ အနှောင့်အယှက်လုပ်လို့ မဖြစ်နိုင်ဘူး” ဟု ၎င်းက နေပြည်တော် UEC ရုံးတွင် ယနေ့နေ့လယ် ပြုလုပ်သည့် ပုံမှန် ဗုဒ္ဓဟူး နေ့လယ် သတင်းစာ ရှင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

၁၄ ရက် တစ်ကြိမ်နှင့် နှစ်ကြိမ် ကြေညာရသည့် ပြည်သူ့ထံ ချပြရသော ပုံစံ (၁) နှင့် (၁ – က) မဲ စာရင်း၊ မဲစာရင်း ကြေညာသည့် ပုံစံ (၂)၊ မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင်မဲစာရင်း ပုံစံ (၂ – ၁)၊ တပ်မတော်သားများ နှင့် မိသားစုဝင်များ ကြိုတင်မဲစာရင်း ပုံစံ (၁ – ၂)၊ ပြည်ပရောက် နိုင်ငံသားများ၏ ကြိုတင်မဲစာရင်း ပုံစံ (၁ – ၃)၊ မဲစာရင်းတွင် မိမိအမည် မပါသဖြင့် တောင်းဆိုခြင်း ပုံစံ (၃)၊ ရက်ပေါင်း ကိုးဆယ်ကြာ ရောက်ရှိနေသော နေရာတွင် မဲပေးလိုပါက လျှောက်ထားရသည့် ပုံစံ (၃ – က)၊ မဲစာရင်း ထည့်ထားသော်လည်း တခြားဒေသသို့ ပြောင်းရွှေ့နေထိုင်ရသဖြင့် နေရာအသစ်တွင် မဲပေးလိုသဖြင့် လျှောက်ထားရသည့် ပုံစံ (၄)၊ လွှတ်တော် ကိုယ်စားလောင်း အမည်စာရင်း တင်သွင်း သည့် ပုံစံ (၅)၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာချက် ထုတ်ပြန်ခြင်း ပုံစံ(၆) နှင့် (၆ – က)၊ လွှတ်တော် ကိုယ်စားလှယ်လောင်းက အခြားသူ၏ အမည်ကို အစားထိုးခြင်း၊ ရုတ်သိမ်း ခြင်းပုံစံ (၇)၊ (၇- က) နှင့် (၇ -ခ)၊လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲရုံ ကိုယ်စားလှယ် ခန့်အပ် ခြင်း ပုံ (၈)၊ (၈ – က) နှင့် ပုံစံ (၉)၊ လွှတ်တော် ကိုယ်စားလှယ်လောင်းအမည် အတည်ပြုခြင်း ပုံစံ (၁၀)၊ တို့မှ စပြီး မဲလက်မှတ်များကို ကိုယ်စားလှယ်လောင်းများရှေ့၊ သက်သေအများရှေ့တွင် ရေတွက်ခြင်း ပုံစံ (၁၆)၊အလယ် ၊ ရွေးကောက်ပွဲ ကုန်ကျစရိတ် ပုံစံ (၂၀) အဆုံး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အားလုံးကို စာရွက်များပေါ်တွင်သာ ဆောင်ရွက်ထားကြောင်းလည်း UEC အဖွဲ့ဝင်က ရှင်းလင်း ဖြေကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၆ ပါတီ၊ ပါတီ တည်ထောင်ခွင့် စိစစ်နေဆဲ သုံးပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ နှစ်ပါတီ ဖြစ်၍ စုစုပေါင်း ၁၀၁ ပါတီ ရှိပြီး ယာယီရပ်ဆိုင်းထားသည့်ပါတီမှာ သုံးပါတီ ရှိ ကြောင်း၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပါတီ လျှောက်ထားခွင့် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.