Connect with us

Asia

လာအိုနိုင်ငံ နှစ်သစ်ကူးကာလ ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၇ ဦးရှိ

လာအိုနိုင်ငံရှိ လမ်းမတစ်နေရာတွင် ယာဉ်တိုက်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ နှစ်သစ်ကူးအခါသမယ ၅ ရက်တာကာလအတွင်း ယာဉ်မတော်တဆမှု ၃၀၃ မှုဖြစ်ပွားခဲ့ပြီး လူ ၃၇ ဦးသေဆုံးကာ နောက်ထပ် ၅၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အတွင်း ဖြစ်ပွားခဲ့သော ဆိုးရွားသည့် ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းမှာ အရှိန်လွန်မောင်းနှင်ခြင်းကြောင့်ဖြစ်ပြီး ယင်းကြောင့်သေဆုံးသူ ၁၆ ဦးရှိခဲ့ကာ အရက်မူးပြီးမောင်းနှင်မှုကြောင့် သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံ တောင်ပိုင်း Champassak ပြည်နယ်တွင် မတော်တဆမှု ၄၅ မှုဖြင့် ဖြစ်ပွားမှု စံချိန်တင်ခဲ့ကာ အသေအပျောက်များတွင်မူ ဗီယင်ကျန်းပြည်နယ်တွင် သေဆုံးသူ ၉ ဦးဖြင့် စံချိန်တင်ခဲ့သည်။

ဖုန်ဆလီ၊ အော်ဒုမ်ဆေးနှင့် ခမ်မွမ် စသည့်ပြည်နယ်များ၌ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူမရှိဟု ဆိုသည်။

၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလ သုံးရက်အတွင်း လာအိုနိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှု ၂၀၇ မှုဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦးသေဆုံးကာ ၃၈၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Vientiane Times နေ့စဉ်သတင်းစာက ဧပြီလ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.