Connect with us

Asia

အိန္ဒိယတွင် ရထားပေါက်ကွဲမှုကြောင့် လူအများအပြားဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရထားတွဲဆိုင်းတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း Assam ပြည်နယ် ၌ ဒီဇင်ဘာ ၁ရက်တွင် မြို့ပတ်ရထားတစ်စီးအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် Assam ပြည်နယ် မြို့တော် Dispur မြို့မှ ၁၁၄ကီလိုမီတာအကွာ Udalguri ခရိုင် Kamakhya-Dekargaon မြို့ပတ်ရထား၏ တွဲဆိုင်းများအနက် တစ်ခု တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၁ရက် ညနေပိုင်းတွင် ရထားတစ်စီးအတွင်းပေါက်ကွဲမှုကြောင့် လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ရွှေ့ပြောင်းပေးထားကြောင်း နှင့် အသေးစိတ်အချက်အလက်ကို စုံစမ်းနေကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူဦးရေ နှင့် ပတ်သက် ၍ အငြင်းပွားဖွယ်သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ပြည်တွင်းသတင်းတစ်ခု၏ ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် လူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)