ရှီးအန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ် တရုတ်-ဥရောပ ရထားခရီးစဉ်ကို တရုတ်နိုင်ငံ ရှီးအန်းမြို့မှ စတင်ခဲ့သည်။ ယခုအချိန်တွင် ဤနေရာရှိ တရုတ်-ဥရောပ ရထား မောင်းနှင်မှုအရေအတွက်၊ ပို့ဆောင်သော ကုန်စည်ပမာဏနှင့် ကွန်တိန်နာတင်ဆောင်မှုနှုန်း စသည့်အဓိကကျသော ညွှန်းကိန်းများသည် နိုင်ငံအတွင်း ပထမနေရာတွင် နှစ်များစွာ...
ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Khanh Hoa ပြည်နယ်တွင် မြေပြိုကျကာ ခရီးသည်တင်ဘတ်စ်ကား တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် လူခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Tuoi Tre နေ့စဉ်သတင်းစာက နိုဝင်ဘာ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပရာ့ဂ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ယခုနှစ်တွင် တရုတ်ဖူအယ်လက်ဖက်ခြောက်နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တို့ကို အဓိကထားပြီး ကမ္ဘာတစ်ဝန်းမှ လက်ဖက်ခြောက်ကျွမ်းကျင်သူများ၊ ပြသသူများနှင့် ဝါသနာရှင်များကို စုစည်း၍ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ဥရောပလက်ဖက်ရည်ကုန်စည်ပြပွဲကို ချက်သမ္မတနိုင်ငံ မြို့တော်ပရာ့ဂ်၌ နိုဝင်ဘာ ၁၇ ရက်က ကျင်းပပြီးစီးခဲ့သည်။
ဘေရွတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့(UNIFIL) က နိုဝင်ဘာ ၁၆ ရက်၌ စွပ်စွဲပြောဆိုခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ရမှု များကြောင့် တရုတ်နိုင်ငံသားများအား ဂျပန်နိုင်ငံသို့ ခရီးသွားလာခြင်းမှ ရှောင်ကြဉ်ကြရန် နိုဝင်ဘာ ၁၆ ရက်က အကြံပြုကြေညာချက်ထုတ်ပြန်ခဲ့သည်။