ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးအတွက် ဒုတိယအဆင့်စမ်းသပ်မှုများကို လာမည့် ဇူလိုင်လ အစောပိုင်းမှ စတင်ကာ အလုံးစုံပြုလုပ်သွားရန် မျှော်လင့်ထားကြောင်း နှင့် လက်ရှိအချိန်ထိ စမ်းသပ်မှုများအရ ကြီးကြီးမားမား နောက်ပြန်သက်ရောက်မှုများ မရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်သော Fluarix Tetra 2020 Influenza Vaccine အမည်ဖြင့် တုပ်ကွေးရောဂါကာကွယ်ဆေးတစ်မျိုး သည် ဘေးအန္တရာယ်ကင်းရှင်းမှု အာမခံချက် မရှိသောကြောင့် ပြည်သူများအန္တရာယ်ရှိနိုင်သည့် အတွက် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့်...
ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး (Inactivated COVID-19 vaccine) သည် ဧပြီ ၂၄ ရက်တွင် လက်တွေ့စမ်းသပ်မှု ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်သူများက ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အတွက် ကာကွယ်ဆေးအချို့အား လက်တွေ့စမ်းသပ်မှုများ ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူများက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဂျက်မာဖောင်ဒေးရှင်းက နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအား ထောက်ပံ့ရန် ယွမ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်း) ပေးလှူသွားမည်ဟု ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယခုနှစ်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုး အစီစဉ်တွင် ထည့်သွင်းထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေး ဆွေးနွေးပွဲမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ခွေးကောင်ရေ ၁ သန်း ကာကွယ်ဆေးထိုးစီမံချက်ကို ယခု ၂၀၁၉ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး နှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်လျက် ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့်ရခိုင်ပြည်နယ်ရှိ High Risk ဒေသများတွင် ဆက်လက်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) နိုင်ငံ တစ်ဝန်း အစုလိုက် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများအား ယခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ မဆောင်ရွက်မီ ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လတ်တလော ဝက်သက်ရောဂါ အဖြစ်များသည့်...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ ဝက်သက်ရောဂါ ဖြစ်ပွားမှု များပြီး ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုနည်းသော မြို့နယ်များကို ရွေးချယ်ပြီး ယခုလအတွင်း ဝက်သက် ရောဂါ ကာကွယ် ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (Supplementary Immunization...
နေပြည်တော်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်တွင်ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းလျက် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း စီမံချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင ်တတိယနှစ်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ရာ တိုက်ကျွေးမည့် ဆေးများကို ယုံယုံကြည် ကြည်ဖြင့် အမှန်တကယ် သောက်သုံးကြရန် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ဇန်နဝါရီ လ...