ခတ္တမန္ဒူ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး ကူညီရန် Vero Cell ကာကွယ်ဆေး ၁.၆ သန်း ပါဝင်သော ကုန်စည်ပို့ဆောင်မှုအား နီပေါနိုင်ငံက နိုဝင်ဘာ ၃ ရက်၌ လက်ခံရရှိခဲ့ကြောင်း နီပေါ ကျန်းမာရေးနှင့် လူဦးရေဆိုင်ရာ ဝန်ကြီးဌာနမှ...
ခတ္တမန္ဒူ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံက ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထလာစေရန် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော ပြည်ပခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှုကို စက်တင်ဘာ ၂၃ ရက်က ပြန်လည်စတင်လိုက်ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ၌ မကြာသေးမီရက်များအတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လျက်ရှိသောကြောင့် နီပေါနိုင်ငံ၏ ခတ္တမန္ဒူတောင်ကြား ၌ lockdown ချမှတ်မှုအား နောက်ထပ် ၇ ရက် ထပ်မံတိုးမြှင့်ရန် အာဏာပိုင်များက သြဂုတ် ၃ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
ခတ္တမန္ဒူ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသည် ၄၅ နှစ်ကြာ ကျင့်သုံးခဲ့သည့် လက်ရေးမူဖြင့်ရေးသွင်းရသော ဗီဇာစနစ်ကို ဇွန် ၂၈ ရက်မှစတင်ကာ ဒစ်ဂျစ်တယ်ဗီဇာစနစ်ဖြင့် စတင်အစားထိုးအသုံးပြုခဲ့ကြောင်း သိရသည်။
ခတ္တမန္ဒူ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) နီပေါနိုင်ငံခတ္တမန္ဒူမြို့ရှိ ဆေးရုံတစ်ရုံ၏ COVID-19 ရောဂါ သီးသန့်ကုသဆောင်တစ်ခုမှ ရောဂါသက်သာပျောက်ကင်းသွားသော အသက် ၉၂ နှစ်အရွယ် အဖိုးအို ခါလီကာဒီဗီဘက်စ်ကိုတာ သည် ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် လမ်းလျှောက်သွားလာနေပုံမှာ မြင်ရသူအဖို့ လူသား၏ စိတ်တန်ခိုးစွမ်းအင်ကြောင့်ဟုပင် ဆိုရပေမည်။
ခတ္တမန္ဒု၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) ကက်ဘိနက်နှစ်ကြိမ် တိုးချဲ့မှုတွင် ပါဝင်သည့် ဝန်ကြီး (၂၀)ဦးကို ရာထူးမှထုတ်ပယ်မည်ဖြစ်ကြောင်း ၊ ၎င်းတို့ထဲတွင် ဝန်ကြီးတာဝန်ထမ်းဆောင်သည့် ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးလည်း ပါဝင်ကြောင်း နီပေါနိုင်ငံ တရားရုံးချုပ်က ဇွန် ၂၂ ရက်တွင် ကြားဖြတ်အမိန့်ချမှတ်ခဲ့သည်။
ခတ္တမန္ဒူ ၊ ဇွန် ၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံတွင် ဇွန်လ ၈ ရက်မှစတင်၍ ပထမအဆင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း စတင်ခဲ့ပြီး တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးထားသည့် COVID-19 ရောဂါကာကွယ်ဆေးဖြင့် လူပေါင်း ၅ သိန်းခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ကာ အဓိကဦးစားပေးအနေဖြင့် သက်ကြီးရွယ်အိုများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း...
ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ခေတ္တမန္ဒု၊ မေ ၂၀ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီက ထပ်တိုးသေဆုံး ကိုဗစ်လူနာ ဦးရေ (၂၄၆)ဦးရှိကြောင်း နီပေါကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် တောင်အာရှဒေသနိုင်ငံတစ်နိုင်ငံဖြစ်သည့် နီပေါတွင် တစ်ရက်အတွင်း သေဆုံးသူဦးရေ အများဆုံးရက်အဖြစ် စံချိန်တင်ခဲ့သည်။ ယခင်က...
ခတ္တမန္ဒူ၊ မေ ၁၉ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် အိန္ဒိယနိုင်ငံက အစောပိုင်းကာလတွင် အစီရင်ခံထားသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (၂)မျိုး တွေ့ရှိရကြောင်း နီပေါကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၁၈ ရက်တွင် ပြောကြားခဲ့သည်။