Connect with us

ASEAN

နီပေါနိုင်ငံတွင် တစ်ရက်အတွင်း သေဆုံးသည့် ကိုဗစ်လူနာဦးရေ စံချိန်တင် မြင့်တက်

နီပေါနိုင်ငံ ခေတ္တမန္ဒူဆေးရုံတစ်ရုံတွင် ကိုဗစ်လူနာများအတွက် လူနာကုတင်မလုံလောက်ခြင်းကြောင့် ဆေးရုံပြင်ပ၌ဆေးကုသမှုခံယူနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ခေတ္တမန္ဒု၊ မေ ၂၀ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံတွင် ပြီးခဲ့သည့် (၂၄)နာရီက ထပ်တိုးသေဆုံး ကိုဗစ်လူနာ ဦးရေ (၂၄၆)ဦးရှိကြောင်း နီပေါကျန်းမာရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားသည့်ကာလတစ်လျှောက် တောင်အာရှဒေသနိုင်ငံတစ်နိုင်ငံဖြစ်သည့် နီပေါတွင် တစ်ရက်အတွင်း သေဆုံးသူဦးရေ အများဆုံးရက်အဖြစ် စံချိန်တင်ခဲ့သည်။

နီပေါနိုင်ငံ ခေတ္တမန္ဒူဆေးရုံတစ်ရုံတွင် ကိုဗစ်လူနာများအတွက် လူနာကုတင်မလုံလောက်ခြင်းကြောင့် ဆေးရုံပြင်ပ၌ဆေးကုသမှုခံယူနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နီပေါနိုင်ငံ ခေတ္တမန္ဒူဆေးရုံတစ်ရုံတွင် ကိုဗစ်လူနာများအတွက် လူနာကုတင်မလုံလောက်ခြင်းကြောင့် ဆေးရုံပြင်ပ၌ဆေးကုသမှုခံယူနေသည်ကို မေ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခင်က နီပေါ၏တစ်ရက်အတွင်း သေဆုံးလူနာအမြင့်ဆုံး စံချိန်မှာ မေ ၁၁ ရက်က (၂၂၅)ဦး ဖြစ်တည်ရှိခဲ့သည်။

နီပေါကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မေ ၁၉ ရက် ကိန်းဂဏန်းများအရ ပြီးခဲ့သည့် (၂၄)နာရီအတွင်း ထပ်တိုးအတည်ပြုလူနာ (၈,၀၆၄)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၄၈၀,၄၁၈)ဦး၊ စုစုပေါင်းသေဆုံးလူနာ (၅,၆၅၇)ဦး ရှိကြောင်း သိရသည်။

ဧပြီလဆန်း ကပ်ရောဂါလှိုင်းအသစ်တဖန်ဖြစ်ပွားသည့် အချိန်မှစ၍ နီပေါတွင် ကိုဗစ်သေဆုံးလူနာဦးရေ အဆမတန်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး အစိုးရအရာရှိများက ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်လာခြင်းကြောင်း ဖြစ်သည်ဟု ဆိုသည်။

အစောပိုင်းကာလ အိန္ဒိယတွင် အစီရင်ခံထားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် B.1.617.1နှင့် B.1.617.2 ကို နီပေါတွင် တွေ့ရှိရပြီး ၎င်းဗိုင်းရပ်စ်အမျိုးအစားသည် ပို၍ ကူးစက်လွယ် အန္တရာယ်ရှိကြောင်း ကျန်းမာရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၁၈ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)

————————————
(Chinese Version)
(国际疫情)尼泊尔单日新冠死亡病例数创新高
2021-05-20 10:28:08
新华社加德满都5月20日电(记者易爱军 周盛平)尼泊尔卫生和人口部19日说,尼过去24小时新增新冠死亡病例246例。这是疫情暴发以来这个南亚国家单日死亡病例最多的一天。
尼泊尔先前报告的单日死亡病例最高纪录是5月11日的225例。
尼卫生和人口部19日数据显示,过去24小时新增确诊8064例,累计确诊480418例;累计死亡5657例。
自4月初暴发新一波疫情以来,尼新冠死亡病例猛增,政府官员将其归咎于变异新冠病毒的传入。
尼卫生和人口部5月18日确认,尼境内已发现两种印度最早报告的变异新冠病毒B.1.617.1和B.1.617.2,称它们更加危险、更具传染性。(完)

图说:5月11日,由于床位不足,新冠患者在尼泊尔加德满都一家医院外接受治疗。 新华社发(苏拉韦•什雷斯塔摄)