Connect with us

Media

လေယာဉ်ချင်းတိုက်မိမှု ဖြစ်ပွားပြီးနောက် ဂျပန်ကမ်းခြေစောင့်အမှုထမ်း ၅ ဦး သေဆုံး

တိုကျို၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Haneda လေဆိပ်၌ ဇန်နဝါရီ ၂ ရက်တွင် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်နှင့် ခရီးသည်တင် လေယာဉ်တို့ တိုက်မိမှု ဖြစ်ပွားကာ ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်ပေါ် လိုက်ပါလာသူ ၆ ဦးအနက် ၅ ဦးမှာ သေဆုံးသွားခဲ့ပြီး လေယာဉ်မှူးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။
ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yoshinori Yanagishima က Japan Airlines လေယာဉ်နှင့် လေယာဉ်ခရီးစဉ် အမှတ် MA-722 Bombardier Dash-8 လေယာဉ်တို့ တိုက်မိကြောင်းနှင့် လေယာဉ်နှစ်စင်းလုံး မီးလောင်ခဲ့ကြောင်း အစောပိုင်းက အတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံအလယ်ပိုင်းတွင် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက အင်အား ၇.၆ အဆင့်ရှိ ငလျင်အပါအဝင် အင်အားပြင်း ငလျင်များစွာ လှုပ်ခတ်ခဲ့ပြီးနောက် Niigata စီရင်စုရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရန် ကမ်းခြေစောင့်တပ်ဖွဲ့လေယာဉ်က ပြေးလမ်းပေါ်တွင် ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် Japan Airlines လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ကမ်းခြေစောင့် တပ်ဖွဲ့လေယာဉ်နှင့် တိုက်မိမှု ဖြစ်ပွားပြီး Japan Airlines လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၆၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးတို့သည် လေယာဉ်မီးလောင်နေစဉ် အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေယာဉ်ပေါ်မှ လွတ်မြောက်သွားခဲ့ကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)

……………………………
(English Version)
Five Japan Coast Guard crew killed after aircraft collision: NHK
Five of the six crew members aboard a Japan Coast Guard aircraft that collided with a passenger plane at Tokyo’s Haneda Airport on Tuesday were confirmed dead, while the captain who managed to escape earlier was severely injured, public broadcaster NHK reported.
Coast Guard spokesperson Yoshinori Yanagishima earlier confirmed the collision between the Japan Airlines aircraft and its flight MA-722, a Bombardier Dash-8, with both aircraft catching fire.
The Coast Guard plane was taxiing on the runway to transport relief goods for quake-hit areas in Niigata Prefecture after a series of temblors of up to 7.6 magnitude struck central Japan on Monday afternoon, according to the spokesperson.
Meanwhile, all 367 passengers and 12 crew members on board the Japan Airlines flight escaped from the airplane while it was on fire without life-threatening injuries after it collided with the smaller Coast Guard aircraft at around 5:50 p.m. local time, the NHK reported.
Xinhua News Agency correspondents reporting from Tokyo.(XHTV)