Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်ပစ်လွှတ်မှု အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့

မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်အား ဒုံးကျည်ပစ်လွှတ်ရာနေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/ KCNA)

ပြုံယမ်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံက မြောက်ကိုးရီးယားအလုပ်သမားပါတီ(WPK) အတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ကိုယ်တိုင်လမ်းညွှန်မှုအောက်တွင် Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို မတ် ၂၄ ရက်က အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း Korean Central News Agency (KCNA) က မတ် ၂၅ ရက်၌ သတင်းဖော်ပြထားသည်။အဆိုပါ ဒုံးကျည်အား ပြုံယမ်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လွှတ်တင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပတ်ဝန်းကျင်နိုင်ငံ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် ယင်းဒုံးကျည်အား ဒေါင်လိုက်လွှတ်တင်ခြင်းနည်းကိုအသုံးပြုထားရာ အမြင့်ပေ ၆၂၄၈ ဒသမ ၅ ကီလိုမီတာ၊ ပျံသန်းချိန် ၆၇ မိနစ်၊ ပျံသန်းမှုအကွာအဝေး ၁၀၉၀ ကီလိုမီတာရှိကြောင်း၊ နောက်ဆုံးတွင် မြောက်ကိုးရီးယား အရှေ့ပိုင်း နိုင်ငံတကာပင်လယ်ပိုင်နက်၏ သတ်မှတ်ထားသော ရေပြင်ဧရိယာအတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ကင်ဂျုံအန်းသည် မတ် ၂၃ ရက်က ဒုံးကျည်လွှတ်တင်မှုအမိန့်ကို လက်မှတ်ရေးထိုးပြီး မတ် ၂၄ ရက် မွန်းလွန်းပိုင်းတွင် စမ်းသပ်ပစ်လွှတ်ရာနေရာသို့ သွားရောက်ခဲ့ပြီး Hwasong-17 တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို လမ်းညွှန်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

မြောက်ကိုရီးယား၏ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့သည် မည်သည့်စစ်ရေးခြိမ်းခြောက်မှုအင်အားကိုမျှ ကြောက်ရွံ့ခြင်းမရှိကြောင်းနှင့် အမေရိကန်၏ အန္တရာယ်ရှိသော စစ်ရေးကြိုးပမ်းမှုများကို လုံးဝတားဆီးရန် အမေရိကန်နှင့် ရေရှည်အားပြိုင်မှုအတွက် အပြည့်အဝပြင်ဆင်ထားကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ စမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်သည် ထို့နေ့တွင် ကုန်းကြောင်း၊ ရေကြောင်းနှင့် ဝေဟင်တို့မှ ဒုံးကျည်များကိုပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ် (JCS) မှ မတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုးရီးယားသည် ယခုအကြိမ်ပစ်လွှတ်မှုအပါအဝင် ယခုနှစ်အစပိုင်းမှစ၍ ဒုံးကျည်စမ်းသပ်မှု ၈ ကြိမ်နှင့် ကင်းထောက်ဂြိုလ်တု စမ်းသပ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း KCNA သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

…………………………………………
朝鲜成功进行洲际导弹试射

新华社平壤3月25日电(记者江亚平)据朝中社25日报道,在朝鲜劳动党总书记金正恩的亲自指导下,朝鲜24日成功进行了“火星-17”型洲际弹道导弹试射。
报道说,该洲际导弹是在平壤国际机场进行发射的。考虑到周边国家的安全,该导弹采取了高角度发射方式,上升高度为6248.5公里,飞行时间67分钟,飞行距离1090公里,最后落在朝鲜东部公海的预定目标水域。
报道说,金正恩23日签署并下达了发射命令,并于24日下午在试射现场指导了“火星-17”型洲际弹道导弹试射全过程。
金正恩表示,朝鲜的国防力量具备不怕任何形式的军事威胁的强大实力,将为与美帝国主义长期较量继续做好万全准备,以彻底阻止美帝国主义者任何危险的军事企图。
韩国联合参谋本部24日说,针对朝方此次试射,韩军当天从陆地、海上及空中发射了导弹。
朝中社报道显示,朝鲜今年初至本次发射前已进行了8次导弹试射和两次侦察卫星试射。(完)

图说-朝中社3月25日提供的图片显示,朝鲜劳动党总书记金正恩(中)在发射现场视察。新华社/朝中社