Connect with us

Europe

ဥရောပနှင့် အမေရိကန်တို့က စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် သဘာဝဓါတ်ငွေ့ရည် ကုန်သွယ်မှုများ တိုးချဲ့လုပ်ဆောင်မည်ဟုကြေညာ

ဘရပ်ဆဲလ်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့သည် အမေရိကန်မှ ဥရောပသို့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု တိုးချဲ့လုပ်ဆောင်ခြင်းနှင့် သန့်စင်စွမ်းအင်သို့ အရှိန်မြှင့်တင် ပြောင်းလဲပြီး ဥရောပသမဂ္ဂ စွမ်းအင်လုံခြုံရေးကို ကာကွယ်သည့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ရပ်ကို မတ် ၂၅ ရက်တွင်ကြေညာခဲ့သည်။အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ယခုနှစ်အတွင်း အီးယူဈေးကွက်အတွက် အနည်းဆုံး သဘာဝဓာတ်ငွေ့ရည် ကုဗမီတာ ၁၅ ဘီလီယံ ထပ်မံရရှိရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်းနှင့် အနာဂတ်တွင် ထပ်တိုးနိုင်ကြောင်း ဥရောပကော်မရှင်မှ ထိုနေ့တွင် ထုတ်ပြန်သော ဥရောပ-အမေရိကန်၏ ဥရောပစွမ်းအင်လုံခြုံရေးဆိုင်ရာ ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ သို့သော် ယင်းကြေညာချက်နှင့် မီဒီယာများ၏ သတင်းဖော်ပြမှုအရ အမေရိကန်သည် ယင်းလုပ်ဆောင်ချက် ပြီးမြောက်ရန် အခြားနိုင်ငံနှင့်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့က ကမ်းလွန်လေအားလျှပ်စစ်နည်းပညာအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများနှင့် မဟာဗျူဟာမြောက် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု စီစဉ်ခြင်းနှင့် စီစစ်အတည်ပြုခြင်း၊ နေရောင်ခြည်နှင့် လေစွမ်းအင်အသုံးပြုမှုကို တိုးချဲ့ကာ သန့်ရှင်းပြီး ပြန်လည်ပြည့်ဖြိုးမြဲ ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုနှင့် သုံးစွဲမှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ထိုနေ့ တွေ့ဆုံဆွေးနွေးမှု မတိုင်မီ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်းလုပ်ဆောင်မှုသည် အီးယူက ရုရှားအပေါ် စွမ်းအင် မှီခိုအားထားမှုကို အဆုံးသတ်ရန်အတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဗွန်ဒါလီယင်က ပြောကြားခဲ့သည်။

လက်ရှိတွင် အီးယူသည် ရုရှားစွမ်းအင်အပေါ် အလွန်အမင်း မှီခိုနေရပြီး ၎င်း၏ သဘာဝဓာတ်ငွေ့ တင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ရေနံစိမ်းတင်သွင်းမှု၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ရုရှားမှ ဖြစ်သည်။ ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး လုပ်ဆောင်ပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာ အီးယူတွင် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာပြီး စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်ကာ အမေရိကန်မှ အကျိုးအမြတ်များရရှိနေကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်သည် သဘာဝဓာတ်ငွေ့တင်ပို့မှု တိုးမြှင့်လုပ်ဆောင်နေသော်လည်း တင်ပို့နိုင်စွမ်းမှာ အကန့်အသတ်ရှိကြောင်း AP သတင်းဖော်ပြချက်အရ သိရသည်။ ယခင်ကတည်းကရှိသော ပို့ကုန်စွမ်းဆောင်နိုင်မှုမှာ အတိုင်းထက်အလွန် ဝန်အားပြည့်လည်ပတ်နေပြီး အသစ်ပို့ဆောင်နိုင်စွမ်းမှာလည်း စီမံမှုအဆင့်သာရှိသဖြင့် ဥရောပသို့ သဘာဝဓာတ်ငွေ့တိုးမြင့်တင်ပို့ရန်မှာမူ လွယ်ကူသော အလုပ်မဟုတ်ကြောင်း သိရသည်။ (Xinhua)

…………………………………………

(Chinese Version)
欧美宣布扩大液化天然气贸易加强能源合作
新华社布鲁塞尔3月25日电(记者任珂 康逸)欧盟和美国25日公布了一项能源合作计划,双方将扩大美对欧液化天然气出口,加速向清洁能源转型,确保欧盟的能源安全。
欧盟委员会当天发布的欧美有关欧洲能源安全的联合声明说,这一合作计划将努力帮助欧盟市场今年额外获得至少150亿立方米液化天然气,预计未来还会增加。不过这一声明释放的信息和媒体报道显示,美国可能需要与其他国家协力才能完成这一目标。
声明还说,双方还将加快可再生能源项目和战略能源合作的规划和审批,包括海上风电技术;扩大太阳能和风能的使用,并合作推动清洁和可再生氢的生产和使用。
欧盟委员会主席冯德莱恩和美国总统拜登当天在会晤前举行了联合记者会。冯德莱恩称,此举是欧盟朝着结束对俄罗斯能源依赖迈出的一大步。
欧盟目前高度依赖俄罗斯能源,进口天然气的约40%和进口原油的约30%来自俄罗斯。俄罗斯对乌克兰实施特别军事行动后,西方对俄施加了空前的制裁措施,这也导致欧盟能源价格飙升,威胁到能源安全,美国因此坐收渔利。
另据美联社当天报道说,近年来美国已经加大了天然气出口,但出口能力有限。很多既有出口设施已经满负荷运转,多数新建设施则还在计划阶段,再增加对欧天然气出口并非易事。(完)
图说- 2022年3月17日,在英国曼彻斯特一处加油站,加油机上挂着“停止使用”的标识。新华社发(乔恩•休珀摄)