Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပါလက်စတိုင်း သမ္မတ Mahmoud Abbas တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် လာရောက်သော ပါလက်စတိုင်းသမ္မတ Mahmoud Abbasအား ဇွန် ၁၄ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် အခမ်းအနားဖြင့် ကြိုဆိုစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် လာရောက်သော ပါလက်စတိုင်းသမ္မတ Mahmoud Abbasနှင့် ဇွန် ၁၄ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ပါလက်စတိုင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်အလည်အပတ် ခရီးစဉ် လာရောက်သော ပါလက်စတိုင်းသမ္မတ Mahmoud Abbasအား ဇွန် ၁၄ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် အခမ်းအနားဖြင့် ကြိုဆိုစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပါလက်စတိုင်းသမ္မတ Mahmoud Abbasတို့ ဇွန် ၁၄ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်-ပါလက်စတိုင်း နှစ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်အားပေးထောက်ခံမှု ရှိကြသော မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့(PLO) နှင့် ပါလက်စတိုင်းနိုင်ငံကို အစောဆုံး အသိအမှတ်ပြုသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ ပါလက်စတိုင်းပြည်သူများ တရားဝင် အမျိုးသား အခွင့်အရေးများ ရရှိရန် ဓမ္မဓိဋ္ဌာန်ကျသော လုပ်ငန်းများ လုပ်ဆောင်မှုအား အစဉ်အမြဲခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်း အရေး ဆောလျင်စွာ ဘက်စုံ တရားမျှတမှုရှိစွာ ရေရှည်ဖြေရှင်းနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂတွင် ပါလက်စတိုင်း တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အားပေးထောက်ခံသွားမည် ဖြစ်သလို နိုင်ငံပေါင်းစုံပလက်ဖောင်းတွင် ပါလက်စတိုင်းအတွက် တရားမျှတမှုရှိစွာ ဆက်လက်ပြောကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါလက်စတိုင်းသို့ တတ်နိုင်သရွေ့ အကူအညီများ ဆက်လက်ပေးအပ်သွားမည် ဖြစ်ပြီး ပါလက်စတိုင်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများလျော့နည်းအောင်၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် ပါလက်စတိုင်းနှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုအခွင့်အလမ်းတွင် နှစ်ဘက်ဂရုပြုကြသော အဓိက ကိစ္စရပ်များတွင် ဆက်လက် အပြန်အလှန်ထောက်ခံသွားမည် ဖြစ်ကြောင်း၊ ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများအား ဘက်စုံတွန်းအားပေး ဆောင်ရွက်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ ”အတူလက်တွဲ တည်ဆောက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-ပါလက်စတိုင်း လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးမှုကို အရှိန်မြှင့်တင်၍ နိုင်ငံရေးရာ စီမံခန့်ခွဲမှုအတွေ့အကြုံဖလှယ်ခြင်းများ အားဖြည့်ဆောင်ရွက်ပြီး အစဉ်အလာချစ်ကြည်ရေးကို ရှေ့ဆက်ဆောင်ရွက်သွားလိုသော ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ Mahmoud Abbaက ပါလက်စတိုင်းပြည်သူများ တရားဝင် အမျိုးသားအခွင့်အရေး ရရှိအောင် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက ရေရှည် အားသွန်ခွန်စိုက်ထောက်ခံအားပေးမှုနှင့်အကျိုးမြတ်ကို မမျှော်ကိုးသော ကူညီမှုများအတွက် မိမိအနေဖြင့် ပါလက်စတိုင်း ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပါလက်စတိုင်း၏ ယုံကြည်ရသော မိတ်ဆွေနှင့်မိတ်ဖက်ဖြစ်ကြောင်း၊ပါလက်စတိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားရေးရာ၌ ရပ်တည်မှု ခိုင်မာစွာ ထောက်ခံရာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ လိုက်နာသွားမည် ဖြစ်ကြောင်း ၊ ပါလက်စတိုင်းအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူတည်ဆောက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဆောင်ရွက်ပြီး လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်းနှင့်ပါလက်စတိုင်း-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ်နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပါလက်စတိုင်းသည် သမ္မတရှီကျင့်ဖိန်၏“ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူလက်တွဲ တည်ဆောက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)တို့ကို အားပေးထောက်ခံကြောင်း၊ ဆော်ဒီအာရေဗျနှင့်အီရန်အတွက် တရုတ်နိုင်ငံ၏ အောင်မြင်သော ကြားဝင် ညှိနှိုင်းပေးမှုကို ချီးကျူးပါကြောင်း၊ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဖြေရှင်းနိုင်ရန် တရုတ်နိုင်ငံက အဆိုပြုချက်များ ပြောကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့် တရားမျှတသော ရပ်တည်ချက်ကို ယုံကြည်ကြောင်း၊ ပါလက်စတိုင်း ပြည်တွင်း ရင်ကြားစေ့ရေးနှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးတွန်းအားပေးရာတွင် တရုတ်နိုင်ငံက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း သမ္မတ Mahmoud Abbaက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက တရုတ်-ပါလက်စတိုင်း သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့်အထိမ်းအမှတ် လက်မှတ်ရေးထိုးခဲ့ကြပြီး စီးပွားရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်စသည့် ကဏ္ဍများစွာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းအား သက်သေပြုခဲ့သည်။
ထို့နောက် 《တရုတ်-ပါလက်စတိုင်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပူးတွဲကြေညာချက်》ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………..

(English Version)

习近平同巴勒斯坦总统阿巴斯举行会谈
新华社北京6月14日电(记者郑明达)6月14日下午,国家主席习近平在人民大会堂同来华进行国事访问的巴勒斯坦总统阿巴斯举行会谈。两国元首宣布建立中巴战略伙伴关系。
习近平指出,中巴两国是相互信任、彼此支持的好朋友、好伙伴。中国是最早承认巴勒斯坦解放组织和巴勒斯坦国的国家之一,始终坚定支持巴勒斯坦人民恢复民族合法权利的正义事业,推动巴勒斯坦问题早日得到全面、公正、持久解决。中方支持巴勒斯坦成为联合国正式会员国,将继续在多边场合为巴方仗义执言、主持公道,愿继续向巴方提供力所能及的援助,帮助巴方缓解人道主义困难、开展重建。中方愿同巴方以建立战略伙伴关系为契机,继续在彼此核心关切问题上坚定相互支持,全面推进各领域友好合作,深化共建“一带一路”合作,加快中巴自由贸易协定谈判,加强治国理政经验交流,赓续传统友好。
阿巴斯表示,我谨代表巴勒斯坦人民衷心感谢中方长期以来为巴勒斯坦人民恢复民族合法权利正义事业提供的大力支持和无私帮助。中国是巴方信赖的朋友和伙伴。巴方坚定支持中方在核心利益问题上的立场,坚定恪守一个中国原则。巴方愿同中方推进共建“一带一路”,加强各领域合作,推动构建人类命运共同体,不断深化巴中战略伙伴关系。巴方支持习近平主席提出的全球安全倡议、全球发展倡议、全球文明倡议,高度赞赏中方成功斡旋沙伊对话,感谢中方就早日公正解决巴勒斯坦问题提出多项倡议,巴方相信中方的智慧和公正立场,期待中方为推动巴内部和解以及实现中东地区和平发挥更大作用。
会谈后,两国元首共同在中巴建交35周年纪念首日封上签字,并见证签署经济技术合作协定等多项双边合作文件。
双方发表《中华人民共和国和巴勒斯坦国关于建立战略伙伴关系的联合声明》。
1,2. 6月14日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴勒斯坦总统阿巴斯举行会谈。这是会谈前,习近平在人民大会堂北大厅为阿巴斯举行欢迎仪式。新华社记者 黄敬文 摄
3. 6月14日下午,国家主席习近平在北京人民大会堂同来华进行国事访问的巴勒斯坦总统阿巴斯举行会谈。    新华社记者 殷博古 摄