Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ Thomas Bach တို့ ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Thomas Bach နှင့် ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC) ဥက္ကဋ္ဌ Thomas Bach တို့ ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ အိုလံပစ်အားကစား နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် Thomas Bach နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ရေရှည် အားပေးထောက်ခံသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

နှစ် ၁၀၀ အပြောင်းအလဲနှင့် ရာစုနှစ် ကပ်ရောဂါ ရှုပ်ထွေးမှု၏ ဆိုးဝါးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အိုလံပစ်၏ကနဦးမူလရည်ရွယ်ချက်ကို ခိုင်မာစွာ စောင့်ထိန်းနိုင်ခဲ့သလို အိုလံပစ် စိတ်ဓာတ်ကို ပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြောင်း၊ အိုလံပစ် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပြီး အားကစား နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်ခဲ့ကြောင်း၊ နိုင်ငံတကာ အိုလံပစ်အားကစားကဏ္ဍသည် အခက်အခဲများကို ကျော်လွှား၍ တိုးတက်အောင် တွန်းအားပေးခြင်း၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ လူသားမျိုးနွယ်တို့ စည်းလုံးညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ခြင်းတို့တွင် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစဉ်အမြဲ အလေးထားသလို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ရေးရာ ကိစ္စရပ်များတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ရာ “ပိုမို မြန်ဆန်၊ ပိုမို မြင့်မား၊ ပိုမို အားကောင်း၍ ပိုမို သွေးစည်းညီညွတ်မှုဆီသို့” ဟူသည့် အိုလံပစ်ဆောင်ပုဒ်ကို အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။ Thomas Bach က တရုတ်နိုင်ငံသို့ မိမိရောက်ရှိသည့် အကြိမ်တိုင်းသည် စေတနာတရားအပြည့်အဝ ၊ ဝမ်းမြောက်စရာ အံအားသင့်ဖွယ်များဖြင့် လာခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားရာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစားအတွက် အရေးကြီးသည့် အကျိုးဆောင်မှုများ ရှိကြောင်း၊ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲသည် စည်ကားသိုက်မြိုက်စွာ အောင်မြင်ခဲ့ပါကြောင်း၊ ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲ၏ အမွေအနှစ်များက တရုတ်ပြည်သူနှင့် ကမ္ဘာ့ပြည်သူများအတွက် ဆက်လက်အကျိုးရှိစေမည် ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာကြီးသည် ပထဝီနိုင်ငံရေးပဋိပက္ခ စသည့် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ရလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစား ကော်မတီအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကာကွယ်သွားမည် ဖြစ်ပြီး အားကစား နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံ၏ မှန်ကန်သည့် ရပ်တည်ချက်ကို တန်ဖိုးထားကြောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်အားကစား ကော်မတီအနေဖြင့် တရုတ်နိုင်ငံနှင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်နှစ်သိမ့်မိပါကြောင်း၊ နိုင်ငံတကာအိုလံပစ်အားကစားလုပ်ငန်းအတွက် တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်ဆောင်ရွက်သွားလိုကြောင်း၊ ဟန်ကျိုး အာရှအားကစားပွဲသည် ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ပြီး အာရှ၏ စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရေးကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း Thomas Bach က ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
(杭州亚运会)习近平会见国际奥林匹克委员会主席巴赫
新华社杭州9月22日电(记者王宾、殷晓圣)9月22日下午,国家主席习近平在杭州西湖国宾馆会见来华出席第19届亚洲运动会开幕式的国际奥林匹克委员会主席巴赫。
习近平对巴赫和国际奥委会长期支持中国奥林匹克运动和体育事业发展表示感谢。习近平指出,面对百年变局和世纪疫情相互叠加带来的严峻挑战,国际奥委会坚守奥林匹克初心,弘扬奥林匹克精神,践行奥林匹克宗旨,反对体育政治化,推动国际奥林匹克运动克难前行,为维护世界和平和发展、推动人类团结进步发挥了独特的重要作用。
习近平强调,中国一贯重视发展体育事业,积极参与国际奥林匹克事务,践行“更快、更高、更强——更团结”的奥林匹克格言。
巴赫表示,每次我来中国访问,都满怀诚意和惊喜。中国政府高度重视体育事业发展,为国际奥林匹克运动作出重要贡献。北京冬奥会非常精彩成功,中国人民和世界人民都将从北京冬奥会遗产中持续获益。当前世界面临地缘冲突等各种困难,国际奥委会致力于捍卫多边主义,反对体育政治化,赞赏中方为此采取的正确立场。国际奥委会对同中国的成功合作感到满意,感谢中国对国际奥林匹克运动事业的支持,希望进一步加强同中国的合作。相信杭州亚运会将成功精彩,促进亚洲的团结与友谊。
1. 9月22日下午,国家主席习近平在杭州西湖国宾馆会见来华出席第19届亚洲运动会开幕式的国际奥林匹克委员会主席巴赫。