Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် ဧပြီ ၈ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် ဧပြီ ၈ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က Vuong Dinh Hue မှတစ်ဆင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ (CPV) အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong ထံသို့ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက မိမိအနေဖြင့် ဗီယက်နမ်သို့ သွားရောက်လည်ပတ်စဉ်ကာလတွင် မဟာဗျူဟာ အနက်အဓိပ္ပါယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် အထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong နှင့်အတူ ကြေညာခဲ့ကြရာ တရုတ်-ဗီယက်နမ် ဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ နှစ်ဖက်အတူတကွ ကြိုးစားမှုများအောက်တွင် မိမိနှင့် Nguyen Phu Trong ရရှိခဲ့သော သဘောတူညီချက်များသည်လည်း အကောင်အထည်ဖော်ဆောင်လျက်ရှိပါကြောင်း၊ စိတ်တူကိုယ်တူ၊ အေးအတူ ပူအမျှ အသိုက်အဝန်းသည် တရုတ်-ဗီယက်နမ် ဆက်ဆံရေး၏ အထင်ရှားဆုံးသော သင်္ကေတ ဖြစ်ရာ “ရဲဘော်ရဲဘက် ညီအစ်ကို” ဆိုသည့် တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေး၏ ထင်ဟပ်မှု ဖြစ်ကြောင်း ၊ တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး ရလဒ်များ ပိုမို ရရှိအောင် တွန်းအားပေးရန်၊ ကိုယ်စီ ခေတ်မီအသွင်ပြောင်းတည်ဆောက်မှုများကို ဝန်ဆောင်မှုပေးရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးပိုမို ဖြစ်ထွန်းစေရန်၊ ကမ္ဘာ့ဆိုရှယ်လစ်ဝါဒအတွက် ပိုမိုကြီးမားသောအကျိုးကို ထမ်းဆောင်ရန် နှစ်ဖက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် ဧပြီ ၈ ရက်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာနှင့်ဒေသ အခြေအနေ နက်ရှိုင်းစွာ ရှုပ်ထွေးပြောင်းလဲလျက်ရှိရာ ဆိုရှယ်လစ်ဝါဒစနစ်ကို ကာကွယ် ထိန်းသိမ်းရန်၊ နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့်တိုးတက်ရေးကို ကာကွယ်ရန်မှာ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွား ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် အရည်အသွေးမြင့် အပြန်အလှန်ယုံကြည်မှုဖြင့် တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်းအသိကို ခိုင်မာအောင် ပုံသွင်းရမည်ဖြစ်သလို အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်ဝန်း အခြေခံအုတ်မြစ်ကို ဖော်ဆောင်ရမည် ဖြစ်ပြီး အဆင့်မြင့်နိုင်ငံရေးအမြော်အမြင်ဖြင့် တရုတ်-ဗီယက်နမ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ ပါတီစီမံခန့်ခွဲရေး၊ နိုင်ငံရေးရာ စီမံခန့်ခွဲရေး အတွေ့အကြုံများကို ဖလှယ်သွားလိုကြောင်း ၊ တရုတ်-ဗီယက်နမ် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ကော်မတီ ညှိနှိုင်းဖွဲ့စည်းဆောင်ရွက်ရာတွင် ကောင်းမွန်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ”အတူလက်တွဲတည်ဆောက်ရေး အဆိုပြုချက်နှင့် “စီးပွားရေး စင်္ကြံနှစ်ခု ၊ စက်ဝန်းတစ်ခု” ဗဟာဗျူဟာ ချိတ်ဆက်မှုကို အရှိန်အဟုန်မြှင့်တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ လူငယ်လူရွယ်ကဏ္ဍနှင့် ချစ်ကြည်ရေးမြို့စသည့် ဖလှယ်မှုများကို များပြားအောင် ဆောင်ရွက်သွားလိုကြောင်း၊ နှစ်ဖက် ဥပဒေပြုဌာနများ အလွှာအသီးသီး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ဥပဒေပြုရေးကြီးကြပ်မှုအတွေအကြုံများကို အပြန်အလှန်လေ့လာခြင်းအား မြှင့်တင်ရန် ဆန္ဒရှိပါကြောင်း၊ နှစ်နိုင်ငံပြည်သူ့ချစ်ကြည်ရေးတိုးမြှင့်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

Vuong Dinh Hue က သမ္မတရှီကျင့်ဖိန်ထံသို့ ပါတီအထွေထွေအတွင်းရေးမှူးချုပ် Nguyen Phu Trong၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်ကြောင်းနှင့် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြားခဲ့သည်။
ရဲဘော်ရဲဘက် ညီအစ်ကို အနေဖြင့် ဗီယက်နမ် ပါတီနှင့် အစိုးရသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အထူး ဝမ်းမြောက်ပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှစ၍ တရုတ်သွင်ပြင်လက္ခဏာဖြင့် ဆိုရှယ်လစ်ဝါဒမှာ သမိုင်းဝင်အောင်မြင်မှုရရှိခဲ့သည့်အပေါ် လေးစားမိကြောင်း ၊ ယခုနှစ် တရုတ်နိုင်ငံ၏ အစည်းအဝေးကြီး နှစ်ရပ်တွင် အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအား စသည့် ရည်မှန်းချက်များကို အတည်ပြုခဲ့ရာ ၎င်းမှာ ဆိုရှယ်လစ်ဝါဒ၏ ဆန်းသစ်သည့်အရွေ့ဖြစ်သလို ဗီယက်နမ်အတွက် အကျိုးဖြစ်ထွန်းဖွယ်လေ့လာရာ ဖြစ်ပါကြောင်း ၊ တရုတ်နိုင်ငံသည် ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်ပြောင်းသော အင်အားကြီးနိုင်ငံ ဘက်စုံတည်ဆောက်ရေးကို သတ်မှတ်ကာလအတိုင်းဖော်ဆောင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း Vuong Dinh Hue က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာလက်ကိုင်ထားကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုက်နက်တွင် ခွဲခြားမရသော အစိတ်အပိုင်း ဖြစ်သည်ဟု ယူဆကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်မှုပုံစံမှန်သမျှကို ခိုင်မာစွာ ဆန့်ကျင်ကြောင်း ၊ ဟောင်ကောင်၊ ရှင်းကျန်း၊ ရှီးဇန့်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ရာ တရုတ်နိုင်ငံ ရေရှည်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၊ ဗီယက်နမ်နိုင်ငံသည် သီးခြား လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ထားရာ ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် တရုတ်ကိုထိပ်တန်းဦးစားပေး မဟာဗျူဟာအဖြစ် ရွေးချယ်မည် ဖြစ်ကြောင်း ၊ Nguyen Phu Trong နှင့် ရှီကျင့်ဖိန်တို့ အတည်ပြုကြသော “တစ်ဆင့်တိုးဆောင်ရွက်မည့် ရည်မှန်းချက် ၆ ရပ်” အတိုင်း တရုတ်နိုင်ငံနှင့်အတူ အလွှာအသီးသီး ပူးပေါင်းဖလှယ်မှုများကို အနီးကပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရည်အသွေးမြင့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ဆက်လက်ခိုင်မာအောင်၊ “စီးပွားရေး စင်္ကြံ နှစ်ခု၊ စက်ဝန်းတစ်ခု” နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ချိတ်ဆက်မှုကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဗီယက်နမ် အမျိုးသားလွှတ်တော်အနေဖြင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ကရက်နှင့် ကူးလူးဖလှယ်သွားလာမှုများကို အနီးကပ်စွာ ထားရှိသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူချင်း ချစ်ကြည်ရေးကို ဖော်ဆောင်ကာ မဟာဗျူဟာအနက်ရှိသည့် ဗီယက်နမ်-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေးရာ၌ တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း Vuong Dinh Hue က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ဝမ်ရိ နှင့် ဝမ်တုန်းမင် တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
习近平会见越南国会主席王庭惠
新华社北京4月8日电(记者孙奕)4月8日,国家主席习近平在北京人民大会堂会见越南国会主席王庭惠。
习近平请王庭惠转达对阮富仲总书记的亲切问候。习近平指出,去年年底我访问越南期间,和阮富仲总书记共同宣布构建具有战略意义的中越命运共同体,开启了中越关系新篇章。在双方共同努力下,我同阮富仲总书记达成的共识正在得到落实。志同道合、命运与共是中越关系最鲜明的特征,“同志加兄弟”是中越两党两国传统友谊最生动的写照。双方要共同努力,推动中越命运共同体建设取得更多成果,服务各自现代化建设,更好造福两国人民,也为世界社会主义事业作出更大贡献。
习近平强调,当前,国际和地区形势发生深刻复杂变化,捍卫社会主义制度、维护国家稳定和发展,是中越双方共同利益所在。双方要以高水平互信铸牢中越命运共同体意识,以高质量合作夯实中越命运共同体根基,以高度政治智慧推进中越命运共同体建设。中方愿同越方加强治党治国理政经验交流,发挥好中越双边合作指导委员会的统筹协调作用,加快推进共建“一带一路”倡议同“两廊一圈”战略对接,丰富青年、友城等渠道交流。希望双方立法机构深化各层级交流合作,加强立法监督经验等互学互鉴,为增进两国民间友好发挥重要作用。
王庭惠转达阮富仲总书记对习近平总书记的亲切问候和美好祝福。表示,作为同志加兄弟,越南党和政府高度赞赏中国的发展进步,由衷钦佩中共十八大以来中国特色社会主义取得的历史性成就。今年中国两会确立发展新质生产力等目标,是社会主义的创新之举,为越南提供了有益参考。相信中国必将如期全面建成社会主义现代化强国,为促进世界的和平、稳定与发展作出重要贡献。越方坚定奉行一个中国政策,认为台湾是中国领土不可分割的一部分,坚决反对任何形式的“台独”分裂活动,香港、新疆、西藏事务也都是中国内政,中国必将保持长期稳定繁荣。越方坚持独立自主的外交政策,将中国作为越南对外关系的头等优先战略选择,将按照阮富仲总书记和习近平总书记确立的“六个更”目标,同中方密切各层级交流合作,持续巩固高水平政治互信,积极推进“两廊一圈”和“一带一路”对接。越南国会愿同中国全国人大保持密切交往交流,为夯实两国民间友好、推进构建具有战略意义的越中命运共同体发挥积极作用。
王毅、王东明参加会见。(完)
1. 4月8日,国家主席习近平在北京人民大会堂会见越南国会主席王庭惠。新华社记者 丁海涛 摄