Connect with us

Europe

ရုရှား၊ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် စတင်

Belovezhskaya Pushcha အမျိုးသား ပန်းဥယျာဉ်တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များကြား တတိယအကြိမ်ဆွေးနွေးပွဲ ပြုလုပ်နေသည်ကို မတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Belta news agency via Xinhua)

အစ္စတန်ဘူလ်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် အပစ်အခတ်ရပ်စဲရေးအတွက် နောက်ထပ်ကြိုးပမ်းမှုအဖြစ် မတ် ၂၉ ရက်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။အစည်းအဝေးမတိုင်မီ တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ကောင်းမွန်သော ရလဒ်များ ရရှိရန် ဆွေးနွေးပွဲများအတွက် အချိန်ကာလရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံ သမ္မတက ချက်ချင်း အပစ်အခတ်ရပ်စဲမှုအတွက် တိုက်တွန်းပြောကြားခဲ့ပြီး ပဋိပက္ခကို အချိန်ရှည်ကြာစေခြင်းက မည်သူတစ်ဦးတစ်ယောက်မျှ အကျိုးကျေးဇူးရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာကြီးက သင်တို့ထံက သတင်းကောင်းကို စောင့်မျှော်နေတာပါ။ သင်တို့ရဲ့ အလုပ်အကိုင်တွေ ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်ဖို့ တစ်စုံတစ်ရာ ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ အသင့်ရှိပါတယ်” အာဒိုဂန်က ပြောခဲ့သည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနှင့် ယူကရိန်း ခေါင်းဆောင်များအကြား ဆွေးနွေးပွဲကို လက်ခံကျင်းပရန်လည်း အဆင်သင့်ရှိကြောင်း ဖြည့်စွက်ပြောခဲ့သည်။

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ သုံးကြိမ်တိုင် မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် အွန်လိုင်းဆွေးနွေးမှုများစွာကို ကျင်းပခဲ့သော်လည်း အဓိကသဘောတူညီချက် ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
1st LD: Russia, Ukraine start new round of peace talks
2022-03-29 17:20:18
ISTANBUL, March 29 (Xinhua) — Russia and Ukraine kicked off a fresh round of face-to-face peace talks here on Tuesday in yet another attempt to reach a ceasefire.
Before the meeting, Turkish President Recep Tayyip Erdogan said the time had come for talks to yield concrete results.
The Turkish leader called for an immediate ceasefire and said a prolonged conflict is not in anyone’s interest.
“The world is waiting for good news from you. We are ready for any contribution that can make your job easier,” Erdogan said, adding that Turkey is ready to host a meeting between the Russian and Ukrainian leaders.
Since Feb. 28, Russia and Ukraine have held three rounds of face-to-face peace talks and a series of online discussions, failing to reach a major agreement. Enditem
Photo : Photo taken on March 7, 2022 shows a view of the third round of talks between Russian and Ukrainian delegations at the Belovezhskaya Pushcha. (Belta news agency via Xinhua)