Connect with us

Politics, Law & Military

တရုတ်နိုင်ငံကိုယ်စားလှယ်က အမေရိကန်နိုင်ငံ၏ အာကာသလုံခြုံရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိသော စွပ်စွဲမှုများကို ငြင်းဆို

ကုလသမဂ္ဂ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမေရိကန်နှင့်ဂျပန်နိုင်ငံတို့ အဆိုပြုထားသော အာကာသလုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ယင်းဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ အဆိုပြုထားသော ပြင်ဆင်ချက်မူကြမ်းတို့ကို ဧပြီ ၂၄ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပြင်ဆင်ချက်မူကြမ်း နှစ်ခုလုံး အတည်မပြုခဲ့ကြောင်း၊ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Fu Cong က တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို အသေးစိတ်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအပေါ် အမေရိကန်ကိုယ်စားလှယ်၏ အခြေအမြစ်မရှိသော စွပ်စွဲမှုများကို ငြင်းဆိုကြောင်း ပြောကြားခဲ့သည်။Fu Cong က တရုတ်နိုင်ငံသည် အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရန် အမြဲကြိုးပမ်းထားပြီး နိုင်ငံတကာအသိုက်အဝန်းနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ကြောင်း၊ နိုင်ငံအားလုံးနှင့် လက်တွဲပြီး ကြိုးစားသွားရန်၊ အာကာသကို ငြိမ်းချမ်းစွာအသုံးပြုမှု၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုကို မြှင့်တင်ရန်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် ပိုမိုကောင်းမွန်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………………….
(Chinese Version)
中国代表驳斥美国就外空安全对中国的无端指责
新华社联合国4月24日电 联合国安理会24日就美国和日本提出的外空安全决议草案及俄罗斯和中国对决议草案提出的修正案进行表决。决议草案及修正案均未获通过。中国常驻联合国代表傅聪在发言中阐述中方立场,驳斥美国代表对中国的无端指责。
傅聪重申,中国一贯致力于和平利用外空,并与国际社会开展广泛合作,愿与各国继续携手努力,推动和平利用外空事业,促进全球经济发展和社会进步,为构建人类命运共同体作出更大贡献。