Connect with us

China

ဝမ်ရိက ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်လည်ပတ်၊ (၇) ကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား အစိုးရအကြား ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်

ဖနွမ်းပင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံသို့ ဧပြီ ၂၁ ရက်မှ ၂၃ ရက် အထိ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ယင်းကာလအတွင်း ဝမ်ရိသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် နိုရိုဒမ် သီဟာနု၊ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်၊ ဝန်ကြီးချုပ် ဟွန်မန်နက်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chanthol နှင့် (၇) ကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား အစိုးရအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sok Chenda Sophea နှင့်အတူ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………….
(Chinese Version)
王毅访问柬埔寨并主持中柬政府间协调委员会第七次会议联合新闻稿
新华社金边4月23日电(记者吴长伟)2024年4月21日至23日,中共中央政治局委员、中央外事工作委员会办公室主任、外交部长王毅访问柬埔寨。其间,王毅分别会见柬国王西哈莫尼、参议院主席洪森、首相洪玛奈,同柬副首相孙占托共同主持中柬政府间协调委员会第七次会议,同柬副首相兼外交与国际合作部大臣宋金达举行会谈。