Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကို ခရီးသည်များကြိုဆို

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ Halim ဘူတာတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ မြန်နှုန်းမြင့်ရထားပုံစံငယ်အတွင်းဘက်ကို ကြည့်ရှုနေသည့်ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့နှင့် စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဘန်ဒေါင်းကြား ချိတ်ဆက်ထားသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) သည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ အဓိကရေကြောင်းမဟာဗျူဟာကို ပေါင်းစည်းထားသည့် အထင်ကရစီမံကိန်းတစ်ခု ဖြစ်သည်။

အဆိုပါ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ အောက်တိုဘာ ၁၇ ရက်မှ ၃၁ ရက်အတွင်း နေ့စဉ်ခရီးစဉ်လက်ခံနိုင်စွမ်းမှာ အများဆုံး ၁၄,၂၀၀ ကျော်ရှိခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၁၇ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း ရထားလက်မှတ်ပေါင်း ၁၆၅,၀၀၀ စောင် ရောင်းချနိုင်ခဲ့သည်။ “ဂျကာတာ-ဘန်ဒေါင်း HSR သည် နိုဝင်ဘာ ၁ ရက်မှစ၍ ၎င်း၏ တစ်နေ့လျှင် ရထားပြေးဆွဲမှုခရီးစဉ်ကို ၂၈ ခုအထိ လျာထားကြောင်းနှင့် ယခင်ကလျာထားသော ခရီးစဉ် ၁၄ ခုနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ Halim ဘူတာတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ၏ မြန်နှု်န်းမြင့်ရထားလမ်းတစ်စင်းနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးနေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Jakarta-Bandung HSR welcomed by passengers in Indonesia
The Jakarta-Bandung High-Speed Railway (HSR), connecting Jakarta and the fourth largest city Bandung, is a flagship project that synergizes the China-proposed Belt and Road Initiative and Indonesia’s Global Maritime Fulcrum strategy.
From Oct. 17 to Oct. 31, the maximum daily passenger capacity of the Jakarta-Bandung HSR exceeded 14,200. Over 165,000 tickets were sold from Oct. 17 to Nov. 4. The Jakarta-Bandung HSR increased its travel schedule to 28 trips per day, up from the previous 14 trips, starting from Nov. 1.
Photo 1: A child looks inside the model of a high-speed train of the Jakarta-Bandung High-Speed Railway at Halim Station in Jakarta, Indonesia, Nov. 5, 2023. (Xinhua/Xu Qin)
Photo 2: People pose for photos with a high-speed train of the Jakarta-Bandung High-Speed Railway at Halim Station in Jakarta, Indonesia, Nov. 5, 2023. (Xinhua/Xu Qin)